ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

 

တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို  အောက်တိုဘာလ ၁ ရက်နေ့မှ 
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်ရပ်စဲ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် 
ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်
(၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်)
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်)


၁။    ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စု စိတ်ဓာတ်ကို အရင်းခံသည့် သွေးစည်းညီညွတ်မှု၏ အထိမ်းအမှတ် သက်သေအဖြစ်   တောင်တန်းနှင့်   မြေပြန့်   တပေါင်းတစည်းတည်း လွတ်လပ်ရေးရယူကြရန် သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်တွင် လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။   ပင်လုံစာချုပ်၏     အသီးအပွင့်ရလဒ်အဖြစ် တောင်တန်းနှင့် မြေပြန့်ဒေသများ ညီညွတ်ပေါင်းစည်းပြီး တပ်မတော် နှင့်အတူ မြန့်မာလွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ တွင် ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။
၂။    ထိုသို့ နိုင်ငံတော်တစ်ဝန်းလုံး စုစုစည်းစည်းဖြင့် လွတ်လပ်ရေး ပြန်လည်ရယူပေးနိုင်ခဲ့မှု၏ အစပျိုးမှုဖြစ်သည့် တိုင်းရင်းသားသွေးချင်း တို့၏ ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေထူနိုင်ခဲ့သည့် ဖေဖော်ဝါရီ လ  ၁၂  ရက်နေ့ကို  ပြည်ထောင်စုနေ့အဖြစ်   သမိုင်းမော်ကွန်းတင် သတ်မှတ်ဂုဏ်ပြုခဲ့သည်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သို့တိုင် ရောက်ရှိတော့မည် ဖြစ်ပါသည်။
၃။    ကျရောက်လာတော့မည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို သောအားဖြင့်   ပြည်ထောင်စုတစ်ဝှမ်းလုံး   ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် ထာဝရငြိမ်းချမ်း ရေးအတွက် လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာစေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါ  သည်။ တိုင်းရင်းသား လူမျိုးစုများစွာ မှီတင်းနေထိုင်လျက်ရှိသည့် မိမိတို့နိုင်ငံအတွက်   အချင်းချင်း    သွေးစည်းညီညွတ်မှုရှိမှသာလျှင် ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမည် ဖြစ်ပါသဖြင့် အနာဂတ်တွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏  ကျစ်လျစ်ခိုင်မာသည့်   ညီညွတ်သောစုပေါင်းအားကို    ဆက်လက် ကြိုးပမ်း တည်ဆောက်သွားရမည်ဖြစ်ပါသည်။
၄။    တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်  ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်  အဖွဲ့အစည်းပီသစွာဖြင့်  ခေတ်အဆက်ဆက်ကပင် ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ လွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ် မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံရေး အယူ ဝါဒကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားအရေးကွဲပြားမှု၊ အယူ ဝါဒရေး ကွဲပြားမှုများကတစ်ဆင့် အုပ်ချုပ်သူအစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင်    ဆန့်ကျင်ခြင်းသည်      ယနေ့တိုင်တည်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏   ဇာစ်မြစ်ပင်ဖြစ်ပြီး      ယခင်ကိုလိုနီ လက်ထက်ကတည်းက ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်များ၏  အကျိုးဆက်များကြောင့်လည်း ဖြစ်သည်။
၅။    မိမိတို့နိုင်ငံသည် နိုင်ငံ၏ မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ် များတွင်မဆို      သီးသန့်လူမျိုးစုတစ်ခုတည်း    နေထိုင်ခြင်းမရှိဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံစုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် လက်နက် ကိုင် ပဋိပက္ခများကို စေ့စပ်ညှိနှိုင်းအဖြေရှာရာတွင် မိမိလူမျိုး၊ မိမိ  ပြည်နယ်၊  မိမိဒေသ၊  မိမိအဖွဲ့အစည်း  တစ်ခုတည်းအတွက်ကိုသာ မကြည့်ဘဲ ပြည်ထောင်စုဆိုသည့်အမြင်၊ ပြည်ထောင်စုစိတ်ဓာတ်၊ We are Myanmar ဆိုသည့် တပေါင်းတစည်းတည်းစိတ်များဖြင့် ညှိနှိုင်းဆွေးနွေးမှသာ   တိုင်းရင်းသား    ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေကြသည့်    ထာဝရငြိမ်းချမ်းရေးကို    အကောင် အထည်ဖော်ဆောင်နိုင်မည်ဖြစ်သည်။
၆။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ရယူပြီးသည့် အချိန်မှစ၍  နိုင်ငံတော်၏  ရှေ့လုပ်ငန်းစဉ်  ၅  ရပ်နဲ့  ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်းစဉ်နှင့် ဦးတည်ချက်တို့၌ “တစ်နိုင်ငံလုံး   ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်  တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”  ဟု အတိအလင်းကြေညာထားခဲ့ပြီး ၎င်းအတိုင်း လုပ်ဆောင်လျက် ရှိသည်။
၇။    တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ထုတ်ပြန်ချက်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် နေ့မှ  ယနေ့အထိ  ၂၀  ကြိမ်  ထုတ်ပြန်ခဲ့ပြီး  ယနေ့အထိ ၂  နှစ်နှင့် ၉ လကျော် အချိန်ကာလပေး၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်  ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ပါသည်။
၈။    တပ်မတော်မှထုတ်ပြန်ခဲ့သည့် ၎င်းကြေညာချက်များတွင် တပ်မတော်အနေဖြင့်    “ပြည်သူလူထု၏  အသက်အိုးအိမ်စည်းစိမ် လုံခြုံစေရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာကိစ္စရပ် များအပြင်  နိုင်ငံတော်အစိုးရ၏  လုံခြုံရေးနှင့်အုပ်ချုပ်ရေး ယန္တရား များအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများကို ရပ်တန့်ပေးမည် ” ဟု အတိအလင်းကြေညာ ခဲ့ပြီးဖြစ်သည်။
၉။    ကမ္ဘာအနှံ့တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရ သောကြောင့် ကမ္ဘာတစ်ဝှမ်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ   ရပ်တန့်ပေးကြရန်      ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် Antonio Guterres က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက် နေ့တွင် တိုက်တွန်းပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထုတ်ပြန်ခဲ့ပါသည်။  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထောက်ခံသည့်အနေဖြင့် အနည်းဆုံးရက် ၉၀ ကြာ အပစ်အခတ်ရပ်စဲရန်နှင့်  COVID-19 ရောဂါတုံ့ပြန်ရေး အကူအညီ ပေးရန်အပါအဝင်   ဆုံးဖြတ်ချက်တစ်ရပ်ကို   ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပါ သည်။   မြန်မာနိုင်ငံအနေဖြင့်  ကုလသမဂ္ဂ  အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အတွက် နိုင်ငံတကာ ကျင့်ဝတ်နှင့်အညီ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အပေါ်လိုက်နာရန် တာဝန်ရှိသည်ဟု ခံယူလျက် မြန်မာ့တပ်မတော်  အနေဖြင့်  ၂၀၂၀  ပြည့်နှစ်၊  ဩဂုတ်လ  ၂၄  ရက်နေ့တွင်  ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ပါသည်။
၁၀။    လက်ရှိအခြေအနေတွင် တစ်ကမ္ဘာလုံး၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ ယခုအထိ ခံစားနေရသော ကာလဖြစ်ပါသည်။ ၎င်းကာလ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်  “ ပြည်သူလူထု၏  အသက်ထက်  အရေးကြီးတာ ဘာမှ မရှိ ”  ဟူသောမူဝါဒဖြင့်  တစ်နိုင်ငံလုံး၊  ပြည်သူလူထုတစ်ရပ်လုံး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ် များကို ရှိသမျှခွန်အား၊ စွမ်းအားဖြင့် အားကုန်ကြိုးပမ်းလျက်ရှိသည်။  မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလ၊ ဇူလိုင်လ တတိယပတ်အတွင်း ရောဂါပိုး စစ်ဆေးခဲ့သူများအနက် ၄၁ ရာခိုင်နှုန်း ခန့်မှာ ပိုးတွေ့ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့်  ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသမှုများကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ရာ ယခု စက်တင်ဘာလကုန်ပိုင်း၌   ရောဂါပိုးတွေ့ရှိသူ   ၉    ရာခိုင်နှုန်းသာ ရှိတော့သဖြင့် ၃၀ ရာခိုင်နှုန်းကျော်ခန့် လျှော့ချနိုင်ခဲ့ပါသည်။
၁၁။    ကိုဗစ်-၁၉ ရောဂါသည် ဗီဇပြောင်းလဲနိုင်စွမ်းမြင့်မားသည့်  ဗိုင်းရပ်စ်ရောဂါပိုးကို  အခြေခံပြီး  ဖြစ်ပွားပျံ့နှံ့သော  ရောဂါဖြစ်၍ အလျဉ်းပျောက်ကင်းနိုင်သော ရောဂါ မဟုတ်ကြောင်း တွေ့ရှိရပါသည်။  မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး အချိန်အတိုင်းအတာတစ်ခု အထိ ဂရုပြုစောင့်ကြည့် ကာကွယ်၊ ထိန်းချုပ်ရမည့် ရောဂါဖြစ်သည်။
၁၂။    ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံအစိုးရအဖွဲ့၊   နိုင်ငံခြားရေး ဝန်ကြီးနှင့်   မြန်မာနိုင်ငံဆိုင်ရာ  ASEAN   အထူးကိုယ်စားလှယ်တို့ ဆွေးနွေးမှု     ပြုလုပ်စဉ်တွင်လည်းကောင်း၊    EAO    အဖွဲ့အချို့ ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို  ထပ်မံတိုက်တွန်းလာခြင်းကို  လည်းကောင်း ကြိုဆိုပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  အစိုးရအနေဖြင့်လည်း မူလကတည်းက ရပ်စဲထားပြီးဖြစ်ပါသည်။ EAO များ တည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများ၊ စစ်ဘေးရှောင် စခန်းများရှိ ပြည်သူများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအား ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
၁၃။    ၎င်းကဲ့သို့အခြေအနေမျိုးတွင်   ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို NLD ပါတီအစွန်းရောက်များ၊  NUG ၊  CRPH  နှင့်  PDF  အမည်ခံ  အကြမ်းဖက်များက  ကိုယ်ထိ လက်ရောက်  ဗုံးခွဲ၊  တိုက်ခိုက်၊  ပစ်ခတ်မှုဖြစ်စဉ်များ  ရှိနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရပါသည်။   ထို့အပြင်  NUG  နှင့်  CRPH အကြမ်းဖက်အဖွဲ့ များအနေဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် နေ့၌ ပြည်သူလူထုအား  စိုးရိမ် ထိတ်လန့်စေပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို     ပျက်ပြားစေမည့်    အကြမ်းဖက်လုပ်ရပ်များကို လှုံ့ဆော်သည့် ကြေညာချက်တစ်ရပ်အား ထုတ်ပြန်ခဲ့ပြီး လက်တွေ့  မြေပြင်၌လည်း အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ အများ ပြည်သူနှင့်  သက်ဆိုင်သော နေရာများအား  မိုင်းထောင်မိုင်းခွဲခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်း တို့ကို တိုးမြှင့်ဆောင်ရွက် လျက်ရှိသည်။ ၎င်းဖြစ်စဉ်များနှင့် အပြစ်မဲ့ပြည်သူများကို ၎င်းအကြမ်း ဖက်အဖွဲ့များက သတ်ဖြတ်နှိပ်စက်နေမှုများကိုလည်း နိုင်ငံတကာ အဖွဲ့အစည်း အားလုံးက သိရှိထားရန် လိုအပ်ပါသည်။
၁၄။    နိုင်ငံတော်အစိုးရအနေဖြင့်     မကြာမီ    ကျရောက်လာမည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊    ကုသရေးလုပ်ငန်းစဉ်များကို      ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိစေရေး၊   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို   တိုးမြှင့် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌  နိုင်ငံတော်ကာကွယ်ရေးနှင့်  အုပ်ချုပ်မှုဆိုင်ရာ   ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏  လုံခြုံရေးနှင့်  အုပ်ချုပ်ရေး  ယန္တရားများအား နှောင့်ယှက် ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို  အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်  ရပ်စဲလိုက် ကြောင်း ကြေညာချက်ထုတ်ပြန်အပ်ပါသည်။ 
၁၅။    ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်      ဤကြေညာချက်အား လက်တွေ့ အကောင်အထည်ဖော် ခိုင်မာနိုင်ရေး၊ စိန်ရတုပြည်ထောင်စု နေ့မတိုင်မီကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ ကျကျတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး  လုပ်ငန်းစဉ်များ  အောင်မြင်စေရေးအတွက် လုပ်ငန်းစဉ်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်နိုင် ပါရန် မေတ္တာရပ်ခံအပ်ပါသည်။    

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး