ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး နှစ်ရက်သက်တမ်းတိုးရန် အစ္စရေးနှင့် ဟားမားစ်တို့ သဘောတူ

 

ဂျေရုဆလင်  နိုဝင်ဘာ  ၂၈


နှစ်ဖက်အကြား  လက်ရှိပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို နောက်ထပ် နှစ်ရက်အကြာ သက်တမ်းတိုးရန် အစ္စရေးနှင့် ဟားမားစ်တို့ သဘောတူညီမှု ရရှိပြီဖြစ် ကြောင်း ကာတာနိုင်ငံက ပြောသည်။ လက်ရှိအချိန် တွင် ယခုလို ကြိုးပမ်းအားထုတ်မှုက နောက်ထပ် ဓားစာခံများ  လွှတ်ပေးမည်လား  သို့မဟုတ် ဂါဇာ ကမ်းမြောင်ဒေသတွင်     လူသားချင်း     စာနာ ထောက်ထားမှုဆိုင်ရာအခြေအနေ      တိုးတက်မှု များ  ရှိလာမည်လားဆိုသည်ကို အာရုံစိုက်နေကြ ကြောင်း သိရသည်။ 


ကာတာနိုင်ငံသည်        ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားသည့် အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ္မာစ်အဖွဲ့တို့အကြား ကြားဝင်ဖျန်ဖြေညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ ကာတာနိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သက်တမ်းတိုးရေး သဘောတူညီချက်ကို နိုဝင်ဘာ ၂၇ ရက်တွင်   လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန် ကြေညာခဲ့သည်။ 


ဟားမားစ်တို့က   နိုဝင်ဘာ  ၂၇   ရက်တွင် နောက်ထပ် အစ္စရေးနိုင်ငံသား ၁၁ ဦးကို လွှတ်ပေးခဲ့ သည်။ ထိုရက်တွင် အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသား ၃၃ ဦးကို လွှတ်ပေးခဲ့သည်။ လေးရက် ကြာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး  သဘောတူညီ ချက်အတွင်း ဟားမားစ်က နိုင်ငံခြားသားများ အပါ အဝင် ဓားစာခံ ၆၉ ဦးနှင့် အစ္စရေးက အကျဉ်းကျနေ သည့် ပါလက်စတိုင်းနိုင်ငံသား ၁၅၀ တို့  လဲလှယ် လွှတ်ပေးခဲ့သည်။    


အစ္စရေးစစ်သားများ  လွှတ်ပေးရေးအတွက် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန်    အဆင်သင့်ရှိနေ ကြောင်း၊ သို့သော် လည်း  စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ မစတင်ရသေးကြောင်း    ဟားမားစ်အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။  

အင်န်အိတ်ချ်ကေ