ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၁၆ / ၂၀၂၂
၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နေချိန်တွင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အင်းစိန်အကျဉ်း ထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အောက်ပါသီရိလင်္ကာနိုင်ငံသား (၇)ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက် ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်-
(၁) ထောင်ဝင်နံပါတ် အစ/၂၂/၀၁၁၉၉/က၊ A.A Nepolian Ananda
(၂) ထောင်ဝင်နံပါတ် အစ/၂၂/၀၁၂၀၀/က၊ M.A.Sarath Kumarasiri
(၃) ထောင်ဝင်နံပါတ် အစ/၂၂/၀၁၂၀၁/က၊ R.P Lakmal Prasanna
(၄) ထောင်ဝင်နံပါတ် အစ/၂၂/၀၁၂၀၂/က၊ B.H Dinushan Chathuranga
(၅) ထောင်ဝင်နံပါတ် အစ/၂၂/၀၁၂၀၃/က ၊ W.Alexce Fernando
(၆) ထောင်ဝင်နံပါတ် အစ/၂၂/၀၁၂၀၄/က၊ W.Krishan Chathuranga
(၇) ထောင်ဝင်နံပါတ် အစ/၂၂/၀၁၂၀၅/က၊ W.Sampath Kumar
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ