
ဟိုပုံး မေ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် ပျိုးပင်များ ဖြန့်ဝေခြင်းအခမ်းအနားကို မေ ၁၇ ရက် နံနက် ၉ နာရီခွဲက ဟိုပုံး မြို့ မြို့နယ်သစ်တောဦးစီးဌာန ရုံး၌ ကျင်းပရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင် များ တက်ရောက်ကြောင်း သိရ သည်။
အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပျိုးပင်များ ဖြန့်ဝေ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လွင် က သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်း အဆင့်ဆင့်အား ရှင်းလင်း ပြောကြားကာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌက သစ်ပင် စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ပျိုးပင်များကို ပေးအပ် သည်။ (ဝဲပုံ) ယင်းနောက်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ က သစ်ပင်ရေရှည်ရှင်သန်နိုင်ရန် အတွက် သစ်ပင်စိုက်ပျိုးပုံ အဆင့်ဆင့်ကို တက်ရောက်လာ သည့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ကို လက်တွေ့သရုပ်ပြသည်။
၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုများကို ပျိုးပင် ၅၀၀၀၊ တပ်ရင်း တပ်ဖွဲ့များသို့ ပျိုးပင် ၄၀၀၀၊ လမ်းဦးစီးဌာနသို့ ပျိုးပင် ၄၀၀၊ ကျေးလက်လမ်းဦးစီး ဌာနသို့ ပျိုးပင် ၆၀၀၊ နေမင်းရောင် ကုမ္ပဏီသို့ ပျိုးပင် ၃၀၀၊ မဲနယ် တောင် ဒေသစိမ်းလန်းစိုပြည်ရေး အတွက် ပျိုးပင် ၄၀၀နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနသို့ ပျိုးပင် ၃၀၀ စုစုပေါင်း လူထုဖြန့်ဝေပျိုးပင် ၁၁၀၀၀ ကို ဖြန့်ဝေပေးသွားမည်နှင့် ထောပတ်၊ ပင်စိမ်း၊ ပိန္နဲ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ရေသင်းဝင်၊ အာဖရိက ကျူးလစ်၊ မဟော်ဂနီ၊ ဝါး စသည့်ပျိုးပင် ၁၃ မျိုး ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)