ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်ပွဲတက်ရောက်

 

ဆီဆိုင်  အောက်တိုဘာ   ၂၅


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု    သက်မွေးလုပ်ငန်း  ပညာသင်တန်းကျောင်း လွိုင်ကော်ကျောင်းခွဲ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက  ရှမ်းပြည်နယ် (တောင်ပိုင်း)  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်စံပြကျေးရွာ အတွင်းရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။

 


အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်ရဲထွေးက ယခုသင်တန်းတွင်   သင်တန်းသားများအား  ဒေသ အတွင်းရှိ လုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍ ဝင်ငွေ ရရှိစေရန်နှင့်   သင်တန်းပြီးဆုံးပါက   လုပ်ငန်းခွင် အတွင်း     ဝင်ရာက်လုပ်ကိုင်နိုင်သည်အထိ    ထပ်မံ လေ့ကျင့်သင်ကြား    ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊  သင်တန်းသူများ အခက်အခဲမရှိကိုယ်တိုင်  သင်ကြားနိုင်စေရန် ကျောင်းအိပ်၊ ကျောင်းစားစရိတ် ငြိမ်းဖြင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ လိုအပ်သည့်  သင်ထောက်ကူပစ္စည်းများကိုလည်း      အစုံအလင် ထောက်ပံ့ပေးပြီး စာတွေ့လက်တွေ့သင်ကြားပေး မည့်အပြင်        နယ်ဝေးသင်တန်းသူများကိုလည်း အသွား/အပြန် ခရီးစရိတ်များ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊   ထို့ပြင်   သင်တန်းဆင်းသည့်အခါ တွင်လည်း သင်တန်းတွင် ထူးချွန်သည့်သင်တန်းသူကို  အပ်ချုပ်စက်တစ်စုံ   ဆုချီးမြှင့်   ထောက်ပံ့လျက် ရှိကြောင်း၊ သင်တန်းတွင် အချုပ်အလုပ်သင်တန်း အပြင်    စိတ်ဓာတ်ပိုင်းဆိုင်ရာ     ကျင့်ဝတ်သိက္ခာ  စောင့်ထိန်းရမည့် အပိုင်းများ၊ အချင်းချင်းစည်းလုံးညီညွတ်မှုရရှိစေရန်၊    ပြည်ထောင်စု    စိတ်ဓာတ် ဘာသာရပ်များ၊ အတွေ့အကြုံ ဗဟုသုတရရှိစေရန်၊  မိမိကိုယ်ကိုယ် ကြိုတင်ကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် လူကုန်ကူးမှုတားဆီးရေးနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ၊ ကြက်ခြေနီရှေးဦး ပြုစုနည်း အခြေခံသင်တန်း၊ သဘာဝဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး ဟောပြောမှုများကို စာတွေ့ လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်    အမျိုးသမီးအိမ်တွင်းမှု  သက်မွေး လုပ်ငန်းပညာ     သင်တန်းကျောင်းမှ        တာဝန်ခံ ကျောင်းအုပ်ဆရာမ   ဒေါ်ဝေဝေခိုင်က  သင်တန်း ကျောင်းဆိုင်ရာ  အချက်အလက်များကို  ရှင်းလင်း ပြောကြားသည်။   ဆက်လက်၍   အခမ်းအနားသို့  တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာ များကို  ကြည့်ရှုခဲ့ကြပြီး  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူး၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍   အားပေးစကား   ပြောကြား ကြောင်း သိရသည်။

 


အဆင့်မြင့်    အိမ်တွင်းမှု      စက်ချုပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းအား (၂၅-၁၀-၂၀၂၂) ရက်နေ့မှ (၂၄-၃-၂၀၂၃) ရက်နေ့အထိ ရက်သတ္တ   ၂၂   ပတ်ကြာ  စာတွေ့လက်တွေ့  အခမဲ့ဖွင့်လှစ် သင်ကြားပို့ချ    ပေးသွားမည်ဖြစ်ကြောင်း        သိရ သည်။ 


မျိုးမြတ်(ဆီဆိုင်)