
ဟိုပုံး ဇွန် ၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက လွယ်အွန့် ကျေးရွာအုပ်စု နောင်ခုံးကျေးရွာ၌ ကျင်းပခဲ့သည်။
မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက သစ်ပင်စိုက်ပျိုးခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော် ကွန်ပျူတာနှင့် နည်း ပညာသိပ္ပံကျောင်း ကျောင်းအုပ် ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ် သစ်တောဦးစီးအရာရှိ ဦးနိုင်လွင် တို့က ပျိုးပင်များ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူကြ သည်။ ထို့နောက် မြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးတင်ဆန်းက သစ်ပင်များ စိုက်ပျိုးခြင်းလုပ်ငန်း အဆင့်ဆင့် ကို ပြောကြားသည်။
မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ တပ်မတော်ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီးနှင့် အရာရှိ စစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ် အဆင့်ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများက ပျိုးပင် စုစုပေါင်း ၂၀၀၀ ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရ သည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)