
တောင်ကြီး မေ ၈
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၀နာရီတွင် တောင်ကြီးမြို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ဆီဆိုင် မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်မှုအပေါ် မိမိက တာဝန်ယူ၍ အထက်အဖွဲ့အစည်းသို့ တင်ပြဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဟိုပုံးမြို့နယ် ကျေးရွာ အချို့ ပျက်စီးမှုများရှိခဲ့ပြီး အတိုင်းအတာတစ်ခုအထိ အစိုးရအဖွဲ့၊ သက်ဆိုင်ရာဒေသရှိ ဆရာတော်များ၊ ဒေသခံပြည်သူများ၏ မြန်မြန်ဆန်ဆန် ပူးပေါင်း ဆောင်ရွက်မှုကြောင့် ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် ပြောကြား လိုသည်မှာ တိုက်ပွဲများဖြစ်ပွားပြီးနောက် စိတ်ဓာတ် ပိုင်းဆိုင်ရာ သိမ်ငယ်ညှိုးငယ်မှုမဖြစ်ရအောင် အချို့ ကဏ္ဍများတွင် ပြည်သူများ၏ လိုအပ်ချက်များကို ဦးစားပေးဝိုင်းဝန်း၍ ဆောင်ရွက်ပေးကြရန်နှင့် ပန်လျန်းရွာနှင့် နန်းဟူးရွာတွင် လျှပ်စစ်မီတာများ လိုအပ်ချက်ကို သက်ဆိုင်ရာဌာနများနှင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။
ပြန်လည်ဖြည့်ဆည်းဆောင်ရွက်
လမ်းညွှန်မှာကြားချက်အရ ဆီဆိုင်မြို့တွင် ရုံး များ ပြန်လည်ဖွင့်နိုင်ရန်နှင့် စီမံအုပ်ချုပ်နိုင်သည့် အဆင့်ရောက်ရှိအောင် ဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များတွင်လည်း တပ်ဖွဲ့ဝင်များ ပြန်လည် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ တာဝန်အလိုက် ဝန်ဆောင်မှုပိုင်းဆိုင်ရာ ရေ၊ မီး၊ ကျန်းမာရေး၊ ပညာ ရေးစသဖြင့် အတတ်နိုင်ဆုံးအမြန်ဆုံး ဖြစ်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆီဆိုင် မြို့ကို အမြန်ဆုံးပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ဖြင့် ကျန်သည့်နယ်မြေဒေသများကလည်း နမူနာယူ ဆောင်ရွက်ရမည့် အနေအထားတစ်ခုဖြစ်အောင် ကြိုးစားရမည်ဖြစ်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန် ရှိသူများ၊ အဖွဲ့အစည်းများအနေဖြင့် လိုအပ်ချက်များ ကို ပွင့်ပွင့်လင်းလင်း တင်ပြပေးကြရန် ပြောကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် အောင်က ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် သက်ဆိုင် ရာပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အထွေထွေဆွေးနွေးကြကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ ကြောင်း သိရသည်။ မောင်မောင်သန်း(တောင်ကြီး)