
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၁၅ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့်ကျော် ၁ ရက်
( ၂၀၂၃ ခုနှစ် ၊ မေလ ၄ ရက် )
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ အမှတ်(၁၈) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ကို ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့ မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက် သည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၏ မှတ်ပုံတင်အမှတ်မှာ ( ၁၀ ) ဖြစ်ပါသည်။
(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်