ပွဲရှာတတ်သော အရေခြုံမီဒီယာများ၏ လုပ်ကြံသတင်းများနှင့် ပတ်သက်၍ …

Type

 

ရဲယံ
 

အွန်လိုင်းတွင် “ပွဲဟေ့” ဟု ဆိုလိုက်လျှင် ဘယ်သူ ဘာဖြစ်သည်ဆိုသည်ကို စိတ်ဝင်စားကြသူများက ဒုနဲ့ ဒေးပင်။ “ပွဲ” ဟု ဆိုကြသည့် ဖြစ်ရပ်အများစုသည် အမှန်အားဖြင့် လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များသာ။ အများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဖော်ပြပါကလည်း အကျိုးထက်အပျက်ကို ဦးတည်နေသည်က များသည်သာ။
အွန်လိုင်းသုံးစွဲသူ လူအများအကြား ဆူဆူညံညံ ဖြစ်စေရန်    ပွဲရှာပေးခြင်းသည်   သတင်းမဟုတ်။ သတင်းအတတ်ပညာဖြင့်  အသက်မွေးပြီး ကျင့်ဝတ် လိုက်နာသည့် သတင်းဌာနများသည် ထိုသို့ မလုပ်။ သို့သော် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည် ဖြစ်စေ “ပွဲဟေ့” ဆိုလျှင် ဝင်ရောက်နွှဲလိုက်ရမှ ကျေနပ် သည့် လူတချို့ ရှိနေသည့်အတွက် ပွဲရှာတတ်သည့် အရေခြုံမီဒီယာများက  သက်ဆိုးရှည်နေသည်။
မီဒီယာများသည် အမှန်ကို အမှားဖြင့် သွေးဆူအောင် လုပ်လေ့ရှိ
ပွဲရှာတတ်သည့်   မီဒီယာများသည်    အမှန် တစ်စိတ်ကို    အမှားတစ်အိတ်နှင့်   ရော၍ဖြစ်စေ၊ အမှားချည်းသက်သက်ဖြင့်ဖြစ်စေ   သွေးဆူအောင် လုပ်လေ့ရှိသည်။     ငွေကြေးဂယက်က   ဘယ်လို၊ ရွှေဈေးဂယက်က ဘယ်လို ဆိုကာလည်း ပွဲရှာတတ် သည်။   လူအများ    ဆူဆူညံညံ၊    ပူပူပင်ပင်ဖြင့်  ကုန်ဈေးနှုန်းကြီးမြင့်စေမည့်၊   အခြေခံလူတန်းစား ကို ထိခိုက်စေမည့်၊ နိုင်ငံကိုထိခိုက်စေမည့် ကိစ္စရပ် များကို   ဖန်တီးပြီးအောင်မြင်မှုကို   ရှာဖွေတတ်ကြ သည်။ ကြည့်ရှုသူများများ၊  ဖြန့်ဝေသူများများဖြင့် ဝင်ငွေကောင်းရေးကိုသာ   ဦးတည်တတ်ကြသည်။ (သူတို့၏ အကုသိုလ်ကြောင့်  သံသရာမှာ  ငရဲသက် က ရှည်မည်ဆိုတာ သိသာသည်။ သို့သော် သူတို့က သိလျက်နှင့် မိုက်တွင်းနက်နေဆဲ။ ဤကားစကားချပ်) 
ဝင်ငွေကောင်းရေးအတွက်     ပြည်သူအများ စိတ်ဝင်စားမည့် ကိစ္စရပ်များကို အဓိက ပစ်မှတ်ထား ကြသည်။ သို့အတွက်   လူအများ   စိတ်ဝင်စားမှုရှိ သည့်၊ လူအများနှင့် သက်ဆိုင်သည့် ရွှေဈေး၊ ငွေဈေး၊   စက်သုံးဆီဈေး၊   နိုင်ငံရေးနှင့်  ပတ်သက်သည့် ကောလာဟလများနှင့်          သတင်းအမှားများကို အမြဲတစေ ဖန်တီးလုပ်ဆောင်လျက်ရှိသည်။
မီဒီယာကို  နိုင်ငံတစ်ခု၏ ကံကြမ္မာ 
ပြောင်းလဲသွားအောင် အသုံးချမှုများရှိနေ
မီဒီယာစွမ်းအားသည် လူအများကို လွှမ်းမိုးနိုင် စွမ်းရှိသည်၊  အင်အားကြီးမားသည်။ ထိုသို့ အစွမ်း ထက်သည့်   မီဒီယာကို   လူတစ်ဦးတစ်ယောက်မှ အစပြုကာ နိုင်ငံတစ်ခု၏ ကံကြမ္မာအထိ ပြောင်းလဲ သွားအောင် မီဒီယာလက်နက်အဖြစ် အသုံးချမှုများ ရှိနေသည်။ အားကောင်းသည့်  မီဒီယာစီးကြောင်း တွင်   လိုရာပုံဖော်ထားသည့်   တင်ဆက်မှုမျိုးစုံကို တင်ပြကြသည်။ 
မြန်မာနိုင်ငံသည်  လူမှုမီဒီယာ မျိုးစုံအသုံးပြုမှု များသည်။   မှားယွင်းသော  ကောလာဟလများနှင့် သတင်းအမှားများကို ဖြန့်ချိမှုများက လူမှုမီဒီယာ များ၌   အများဆုံး   တည်ရှိတတ်သည်။ ယင်းသို့ လူများများသုံးသည့် နေရာတွင် ကောလာဟလများ၊ အမှားများက တွင်တွင်ကျယ်ကျယ် ပျံ့လွင့်နေသည်။
ပြီးခဲ့သည့်   ရက်ပိုင်းအတွင်းက   ပြည်သူများ စိုးရိမ်မှုများဖြစ်ပေါ်စေရန်   ရည်ရွယ်ပြီး   နိုင်ငံရေး အကျဉ်းသားများနှင့်   ပတ်သက်သည့်  သတင်းတု၊ သတင်းမှားများကို    ပြည်ပဩဇာခံမီဒီယာများက တစ်မျိုးစီ မရိုးအောင် ဖော်ပြထားကြသည်။ အင်းစိန် အကျဉ်းထောင်က     နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာ အပြည့်အဝ မရဟူ၍ CJ Platform Facebook Page တွင်   ဖော်ပြသည်က   တစ်မျိုး၊ သရက်ထောင်အတွင်း    ထောင်အရာရှိက   မူးယစ် ဆေးဝါးသွင်းပြီး အကျဉ်းသားများကို  ပြန်ရောင်း နေသည်ဟုဆိုကာ DVB TV News Facebook page က  ဆိုသည်ကတစ်မျိုး၊    သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသား လေးဦး ရိုက်နှက်တိုက်ပိတ်ခံ ရသည်ဟု ဖော်ပြထားသည့် RFA Burmese Face-book Page က  တစ်မျိုးဖြင့်   သတင်းမှားများကို အမျိုးမျိုး ရေးသားဖော်ပြခဲ့ကြသည်။ 
ထိုသို့သော သတင်းမှားများကြောင့် မလိုလား အပ်သည့် စိုးရိမ်မှုများ မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်တွေ့အမှန် အခြေအနေကို ပြန်လည်ဖြေရှင်းထားသည်ကို တွေ့ရသည်။ 
အင်းစိန်အကျဉ်းထောင်၌  နိုင်ငံရေးအချုပ်သား ဟူ၍ မရှိကြောင်း၊   တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများသာ ရှိကြောင်း၊ အကျဉ်းထောင်တွင် ထောင်ဝင်စာပစ္စည်း ပေးသည့်စနစ်မှာ   အဝင်ဂိတ်တွင်ပေးသည့်သူက ပစ္စည်းစာရင်းနှင့်အတူ မှတ်ပုံတင်ရကြောင်း၊  ဂိတ် အဆင့်ဆင့်တွင် စိစစ်စစ်ဆေးရကြောင်း၊ နောက်ဆုံး ကာယကံရှင်ထံ    စာရင်းနှင့်တကွ    အပ်နှံပြီး လက်မှတ်ရေးထိုးစေကြောင်း၊ ကွဲလွဲမှုရှိသည်ဟု တင်ပြလာပါက  ဖြေရှင်းပေးကြောင်း၊   ဝန်ထမ်းများ အနေဖြင့်    အလွဲသုံးစားလုပ်၍    မရကြောင်းနှင့် လုပ်ဆောင်ပါက အရေးယူခံရမည့် ဥပဒေ၊ နည်းဥပဒေ များရှိကြောင်း သိရသည်။
“အကျဉ်းထောင်မှာ    နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ၊  အချုပ်သား၊  အချုပ်သူဆိုပြီး   ခွဲခြား သုံးနှုန်းတာ မရှိပါဘူး။ အခွင့်အရေးချိုးဖောက်ခံရမှု လည်း    မရှိပါဘူး။   အကျဉ်းသားအားလုံးဟာ အကျဉ်းထောင်ဥပဒေ၊    နည်းဥပဒေပါအတိုင်း လိုက်နာ နေထိုင်ရမှာ ဖြစ်ပါတယ်။ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေကလည်း အကျဉ်းထောင် ဥပဒေ၊ နည်း ဥပဒေပါအတိုင်း လိုက်နာအုပ်ချုပ်ရမှာဖြစ်ပြီးတော့ ဥပဒေ၊  နည်းဥပဒေကို   ကျော်လွန်ပြီး    အုပ်ချုပ် ဆောင်ရွက်ခွင့်မရှိပါဘူး”    ဟု    အင်းစိန်ဗဟို အကျဉ်းထောင်မှ    တာဝန်ရှိသူတစ်ဦးက   ဖြေရှင်း ပြောကြားသည်။
သရက်ထောင်အတွင်း ထောင်အရာရှိက မူးယစ် ဆေးဝါးသွင်းပြီး   အကျဉ်းသားများကို   ပြန်ရောင်း သည်ဆိုသည်မှာလည်း   သေသေချာချာ    စဉ်းစား ကြည့်ပါက   မဖြစ်နိုင်သည့်     အခြေအနေတစ်ခု။ အကျဉ်းထောင် ဟူသည် ဥပဒေကျူးလွန်ဖောက်ဖျက်  သူများကို  ဥပဒေ၊   နည်းပဒေနှင့်အညီ    စနစ်တကျ  အုပ်ချုပ်ထိန်းသိမ်းပြုပြင်ပေးရသည့်              နေရာ ဖြစ်သည်။ 
ချဲ့ကားရေးသားထားခြင်းဖြစ်
လက်တွေ့စိစစ်ရာတွင်လည်း  မှန်ကန်မှုမရှိဘဲ လက်ထောက်ကြီးကြပ်ရေးမှူး-၁ ရာထူးတာဝန်ယူ ထားသူသည် ပေးအပ်သည့် တာဝန်များကို ကျေပွန် စွာ လိုက်နာဆောင်ရွက်တတ်သူ  တစ်ဦးပင်။ ဥပဒေ၊ နည်းပဒေနှင့်အညီ  စနစ်တကျ အုပ်ချုပ်ထိန်းသိမ်း ပြုပြင်ပေးရသည့်နေရာတွင် တာဝန်ထမ်းဆောင်ရ သည့်အတွက်  စကားပြောဆိုရာတွင် ပြတ်သားစွာ ပြောဆိုတတ်ခြင်းကို အကျဉ်းသားတချို့က ဝန်ထမ်း ၏  ဂုဏ်သိက္ခာကျဆင်းစေရန်  ရည်ရွယ်၍ မဟုတ် မမှန် ပြောဆိုခြင်းများကို ချဲ့ကားရေးသားထားခြင်း သာ ဖြစ်သည်ကို စိစစ်တွေ့ရှိရသည်။
အလားတူ  သာယာဝတီအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်တိုက်ပိတ်ခံရပါ သည် ဆိုသည်မှာလည်း  မှန်ကန်မှုမရှိကြောင်း သိရ သည်။ 
ဖြစ်စဉ်အမှန်မှာ    သာယာဝတီအကျဉ်းထောင် အတွင်း အမျိုးသားအိပ်ဆောင် အမှတ် (၄) အိပ်ဆောင် မှ အကျဉ်းသား ခုနစ်ဦးနှင့် အမှတ် (၅) အိပ်ဆောင်မှ အကျဉ်းသား သုံးဦး စုစုပေါင်း ၁၀ ဦးတို့သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိ ပုံမှန်အတိုင်း ဘုရား ဝတ်ပြုခဲ့ကြသည်။ သို့သော်  ဇန်နဝါရီ ၂၇ ရက်နေ့ ဘုရားဝတ်ပြုအချိန်များတွင်  ဘာသာမဲ့ဟုဆိုကာ ထွက်၍ သီးခြားထိုင်နေသဖြင့်  ယင်းအကျဉ်းသား များ၏   ထောင်ပုံစံ-၂၁  နှင့် ထောင်ပုံစံ-၃၂ တို့ကို တာဝန်ရှိသူများက   ထုတ်ယူစစ်ဆေးရာ  “ဗမာ၊ ဗုဒ္ဓဘာသာ”   ဟု       စာရင်းပေးသွင်းထားသည်ကို တွေ့ရှိရသည်။
ထိုသို့ စာရင်းပေးသွင်းမှုနှင့် ပြောဆိုလုပ်ဆောင်မှု သည် မကိုက်ညီဘဲဖြစ်နေသည့်အတွက် ထောင်၏ ဒုတိယတာဝန်ခံအရာရှိက  အခြားအကျဉ်းသား၊ အကျဉ်းသူများ   ဘုရားဝတ်ပြုချိန်တွင်   ဘေးထွက် ထိုင်နေခြင်းသည် သဘာဝမကျသည့်အပြင် အခြား အကျဉ်းသားများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထိခိုက်နိုင်ခြင်း၊     အကျဉ်းထောင်၏     သမားစဉ် လုပ်ငန်းစဉ်နှင့် ဥပဒေနှင့်အညီ ပေးအပ်ထားသည့် အမိန့်၊   ညွှန်ကြားချက်များကို    ချိုးဖောက်ရာ ရောက်ကြောင်းကိုသာ ပြောဆိုဆုံးမခဲ့သည်။ ထိုသို့ ပြောဆိုဆုံးမခဲ့သည့်အတွက် အကျဉ်းသား ၁၀ ဦးမှ ခြောက်ဦးသည် ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက် ခဲ့သည်။ သို့သော် ကျန်သည့် အကျဉ်းသား လေးဦးတို့ သည်   လိုက်နာခြင်းမရှိခဲ့ပါ။    ယင်းအကျဉ်းသား လေးဦးတို့သည် ကျိုက်မရောနှင့် ဘားအံအကျဉ်း ထောင်တို့မှ     စည်းပျက်အကျဉ်းသားများအဖြစ် သာယာဝတီအကျဉ်းထောင်သို့        ပြောင်းရွှေ့လာ ကြသူများလည်း ဖြစ်သည်။
ထိုသို့ လိုက်နာမှုမရှိခြင်းသည်  အခြားအကျဉ်း သူ အကျဉ်းသားများပါ  ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို       ချိုးဖောက်လာနိုင်စေသည့် အတွက်   အကျဉ်းထောင်   လက်စွဲဥပဒေနှင့်အညီ ယင်းအကျဉ်းသား လေးဦးကို ဒေါက်ခြေကျင်းခတ်၍ သီးခြား တိုက်၌ ခုနစ်ရက်ထားသည့် ပြစ်ဒဏ်ချမှတ် ခဲ့သည်။   ဝိုင်းဝန်းရိုက်နှက်ခြင်းများ   လုပ်ဆောင်ခဲ့ ခြင်း    မရှိခဲ့ဟု   သိရသည်။  ယင်းအကျဉ်းသား လေးဦးတို့သည် ဖေဖော်ဝါရီ ၂ ရက်တွင် အကျဉ်း ထောင်ဥပဒေကို မသိရှိခဲ့၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အများနည်းတူ လုပ်ဆောင်မည်ဟု သတင်းပို့ တင်ပြ သဖြင့်    ပြစ်ဒဏ်များကို    ဖြေလျှော့ပေးခဲ့သည်မှာ အမှန်အခြေအနေဖြစ်သည်။
မလိုလားသည့် 
အခြေအနေတစ်ခုကို ဖန်တီး
ဖြစ်စဉ် တစ်ခုလုံးကို အစအဆုံး အမှန်အတိုင်း ပြည်သူထံ မတင်ပြဘဲ ပြစ်ဒဏ်ချမှတ်ခြင်းကိုသာ အမှားရော၍၊ ကွက်၍  ဖော်ပြခြင်းသည် မလိုလား သည့်    အခြေအနေတစ်ခုကို     ဖန်တီးခြင်းပင်။ ထို့ကြောင့်  ဆူဆူပူပူ၊  မတည်မငြိမ်  ဖြစ်စေသည့် ရည်ရွယ်ချက်ကို အစဉ်ဂရုပြုရမည်ဖြစ်သည်။
သတင်းအမှားများကို တုံ့ပြန်ဖြေရှင်းခြင်းသည် ပိုမိုဂရုပြုမိလာစေပြီး   ပိုမိုပျံ့နှံ့စေသည်ဟု   ဆိုကြ သည်။ သတင်းအမှန်ဖြင့် တုံ့ပြန်ဖြေရှင်းသော်လည်း ယုံကြည်ပြီးသား အမှားကို လက်ခံမှုက များသည် ဟုလည်း ဆိုကြသည်။ မည်သို့ပင်ဖြစ်စေကာမူ နိုင်ငံ နှင့် လူမျိုး ပျက်စီးရာ  ပျက်စီးကြောင်း ဖော်ပြလာ သည့် သတင်းတု၊ သတင်းမှားများကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်    မဟုတ်မှန်ကြောင်း၊ မှားယွင်းကြောင်း စိစစ်ထုတ်ဖော်ပြောဆိုရမည်ဖြစ် ပြီး သတင်းမှန်ဖြစ်ရပ်မှန်ကို  အချိန်နှင့်တစ်ပြေးညီ ပြည့်စုံမှန်ကန်စွာ   ပြည်သူထံ  ပြန်လည်ပေးအပ်ရ မည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများဘက်မှလည်း မြင်မိသမျှ၊  ကြားမိသမျှ သတင်းစာသား၊ ဓာတ်ပုံ၊ ရုပ်ပုံ၊ အသံ စသည်တို့ကို ဟုတ် မဟုတ်၊ မှန် မမှန်နှင့် ရည်ရွယ်ရင်းကို            ဆန်းစစ်ဝေဖန်ကြရင်းဖြင့်  သတင်းတု၊ သတင်းမှားများကို ပါဝင်တွန်းလှန်ကြရန် ရေးသားတင်ပြလိုက်ရပါသည်။        ။