ပဲလေ့စ်အသင်းကို အနိုင်ယူပြီး အမှတ်ပေးဇယားကို စပါးအသင်း ဦးဆောင်

 

ပရီမီယာလိဂ်ပွဲစဉ်   (၁၀)     မှ အောက်တိုဘာ  ၂၈  ရက်  နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစား ခဲ့သည့် ခရစ္စတယ်ပဲလေ့စ်နှင့်  စပါးအသင်း ပွဲစဉ်တွင် စပါးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့်   အနိုင်ရရှိပြီး အမှတ်ပေးဇယား ကို ဦးဆောင်နိုင်ခဲ့သည်။ 


ပဲလေ့စ်အသင်းအိမ်ကွင်း၌   ယှဉ်ပြိုင် ကစားခဲ့သည့် အဆိုပါ ပွဲစဉ်တွင် စပါးအသင်း သည် အရေးပါသည့်နိုင်ပွဲကို  ဖော်ဆောင်နိုင်ခဲ့ သည်။ စပါးအသင်းသည် ပရီမီယာလိဂ်သမိုင်း တစ်လျှောက် ပထမဆုံး ၁၀ ပွဲ ကစားပြီးချိန်တွင်   ရမှတ်   ၂၆   မှတ်နှင့်   အထက်   ရယူနိုင်သည့် (၁၃)သင်းမြောက် အသင်းအဖြစ် မှတ်တမ်းဝင် ခဲ့သည်။   ယခင်  ၁၂  သင်းအနက် ၁၁  သင်းမှာ ထိပ်ဆုံး သုံးသင်းစာရင်းဝင်ခဲ့ပြီး   တစ်ဝက် ခန့်က ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။  ပွဲချိန် ၅၃ မိနစ်တွင် ပဲလေ့စ်အသင်းမှ ဝပ်ဒ် ကိုယ့်ဂိုး ကိုယ်သွင်းယူမိခဲ့၍  စပါးအသင်း ဦးဆောင်ဂိုး ရရှိခဲ့ပြီး ပွဲချိန်   ၆၆ မိနစ်တွင်   ဒုတိယဂိုးကို ဆွန်ဟောင်မင်က သွင်းယူပေးခဲ့သည်။ ပဲလေ့စ် အသင်းအတွက် ချေပဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် အယူးက သွင်းယူပေးခဲ့သည်။ 


အခြားပွဲများတွင် အာဆင်နယ်က ရှက်ဖီးကို ငါးဂိုး - ဂိုးမရှိ၊ ဘရန့်ဖို့ဒ်က ချယ်ဆီးကို နှစ်ဂိုး- ဂိုးမရှိ၊ ဘုန်းမောက်က  ဘန်လေကို  နှစ်ဂိုး -  တစ်ဂိုးဖြင့်နိုင်ပြီး ဝုဖ်နှင့် နယူးကာဆယ် နှစ်ဂိုး စီ သရေဖြစ်ခဲ့သည်။                  

အောင်ဇော်