ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

ဒိုက်ဦး   ဩဂုတ်   ၂


ပဲခူးတိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်      ယနေ့ နံနက်ပိုင်းတွင်  တာဝန်ရှိသူများနှင့် အတူ ဒိုက်ဦးမြို့နယ် ပေါက်တပင် မျိုးသန့်ခြံသို့        ရောက်ရှိပြီး  ဖောင်တော်သီကျေးရွာ         အုပ်စု ဗျိုင်းချယ်ကျေးရွာ        အုပ်စုနှင့် ကတုတ်ဘုရားကြီး  ကျေးရွာအုပ်စု တို့ရှိ  နွေစပါးစိုက်တောင်သူ ၈၄ ဦး အတွက် ဓာတ်မြေဩဇာ ၂၀၂ အိတ် ထောက်ပံ့ပေးအပ်သည်။

 


ဆက်လက်၍   တိုင်းဒေသကြီး ဝန်ကြီးချုပ်က       တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊       မျိုးကောင်း မျိုးသန့်ရရှိရေး၊   နွေစပါးစိုက်ပျိုး ရေရရှိရေးနှင့် ဒေသကြက်  မွေးမြူ နိုင်ရေး           ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ  စိုက်ပျိုး ရေးခြံအတွင်း   ဒေသခံတောင်သူ များအတွက်          မှော်ဘီ(၃)နှင့် ဆင်းသုခ    မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း ၆၅ ဧကကို        ကြည့်ရှု စစ်ဆေးသည်။

 


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်           မြို့နယ် အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ စုဝေးခန်းမ၌  အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆)  Software Program အတွင်း  ကွန်ပျူတာဖြင့် ထည့်သွင်း နေမှုကို         ကြည့်ရှုအားပေးပြီး မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့များ နှင့်တွေ့ဆုံကာ   မြို့နယ်အတွင်း စိုက်ပျိုးရေး၊        မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ         ဖွံ့ဖြိုး တိုးတက်စေရေး        မှာကြား သည်။

 


ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်    ပျဉ်းမလွင် ကျေးရွာအုပ်စုရှိ ဆင်းသုခ မျိုးစေ့ ထုတ်စိုက်ခင်း ၁၀ ဧက၌ သဘာဝ မြေဩဇာကြဲပက်နေမှုနှင့်   ဓာတု ကင်းလွတ်        ရွက်ဖျန်းပိုးသတ် ဆေးဖျန်းနေမှုကို ကြည့်ရှုအားပေး ပြီး            ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်  သုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့်  ရက်တိုပြီး အထွက်နှုန်းတိုးသည့်         စပါး မျိုးကောင်းမျိုးသန့်ရရှိရေး တာဝန် ရှိသူများအား မှာကြားသည်။ 

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   ဒိုက်ဦးမြို့နယ် ကျိုက်စကော    အရှေ့ကျေးရွာ၊ တောင်သူ   ဦးမောင်ကြီး၏    ဖရီ ရှန်မျိုး  နို့စားနွားကောင်ရေ ၃၀ မွေးမြူထားရှိမှုနှင့်   ခွာနာ လျှာနာ ကာကွယ်ဆေးထိုးပေးနေမှုတို့ကိုကြည့်ရှုပြီး  နေဗီယာမြက်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မွန်ဘားဆား နွားစားမြက်    မျိုးစေ့ထုပ်တို့ကို ထောက်ပံ့ပေးအပ်သည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  မိုးယွန်းကြီးအင်း သို့ ရောက်ရှိပြီး    ဒေသဇီဝမျိုးစုံ မျိုးကွဲပြတိုက်ကို  ကြည့်ရှုလေ့လာ ကာ   ဒေသငါးမျိုး မျိုးသုဉ်းမှုမရှိစေ ရေး          မိုးယွန်းကြီးအင်းအတွင်း ငါးဖယ်အောင်းကောင်ရေ တစ်သိန်း ခွဲနှင့် ငါးပြေမကောင်ရေငါးသောင်း ကို        သဘာဝရေပြင်အတွင်း လွှတ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်