ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် Public Area များ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

ပဲခူး အောက်တိုဘာ ၂၆
မြို့ကြီးများတွင်     ပြည်သူများ ကျန်းမာကြံ့ခိုင်ရန်နှင့် စိတ်အပန်း ဖြေရန်    အများပြည်သူ    လမ်း လျှောက်နိုင်ရန်အတွက်  Public Area များ  ဖန်တီးပေးရန် နိုင်ငံ တော်ဝန်ကြီးချုပ်၏    လမ်းညွှန် ချက်ပေါ်    ဆောင်ရွက်နေသည့် ပဲခူးမြို့အတွင်း ဆောင်ရွက်ထားရှိ မှုများကို တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည်   အောက်တို ဘာ ၂၄ ရက်က   ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။ (အောက်ပုံ)
ရှေးဦးစွာ    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ ဟံသာဝတီရပ်ကွက်ရှိ  ရန်ကင်း သာ ပန်းခြံအား  ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏   ဦးဆောင် လမ်းညွှန်မှုဖြင့်  ခေတ်မီကလေး ကစားကွင်းနှင့် အပန်းဖြေပန်းခြံ အဖြစ်  ပြန်လည်အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား     ကြည့်ရှု စစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန် ရှိသူများက       ပန်းခြံအတွင်း တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး   ဝန်ကြီးချုပ်က ပြည်သူများ   အနားယူချင်စရာ နေရာတစ်ခုအဖြစ် ဖန်တီးရာတွင် နိုင်ငံတကာ   ၏  Landscaping Design     အပြင်     ဟံသာဝတီ ရှေးဟောင်းကျုံးနှင့်လည်း လိုက် ဖက်ညီအောင်   ဖန်တီးသွားရမှာ ဖြစ်ပြီး   ပန်းအလှပင်များ   ရာသီ အလိုက်    ရောင်စုံဖူးပွင့်နိုင်ရေး ထည့်သွင်းဖန်တီးသွားရမည်  ဖြစ် ကြောင်းနှင့်      ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင်   လိပ်ပြာ ကန် ပြန်လည်အဆင့်မြှင့်တင်နေ မှုကို သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ မှာကြား သည်။
ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ အဝင် ရန်ကုန်-မန္တလေးလမ်းနှင့် ပဲခူးမြို့ အနောက်ဘက်မြို့ရှောင် လမ်းထောင့်ရှိ ဘုရင့်နောင်ရင်ပြင် တည်ဆောက်နေမှုအား     သွား ရောက်ကြည့်ရှုစစ်ဆေးပြီး  ပဲခူး မြို့သည်   ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သည့်   ဘုရင့်နောင် မင်းတရားကြီးဖြစ်၍ ဘုရင့်နောင် ရင်ပြင်ကို ပဲခူးမြို့၏ပြယုဂ်တစ်ခု အဖြစ် တည်ဆောက်ပေးရခြင်း ဖြစ်ပြီး   ခန့်ညားထည်ဝါစွာဖြင့် ရေရှည်တည်တံ့      ခိုင်မြဲရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည် တွင်း/ပြည်ပ     ခရီးသွားပြည်သူ များအနေဖြင့်လည်း     ပဲခူးမြို့ ဝင်ရောက်သည်နှင့် ဘုရင့်နောင် ရင်ပြင်နှင့်        ကမ္ဘောဇသာဒီ နန်းတော်ကို တစ်ခါတည်းတွဲဖက် သိမြင်စေမည်ဖြစ်ကြောင်း၊ အမျိုး ဂုဏ်၊  ဇာတိဂုဏ်မြင့်မားခဲ့သည့် ပဲခူးဒေသအား အနာဂတ်လူငယ် များ တန်ဖိုးထားလေးစားတတ်စေ ရန် ရည်ရွယ်ခြင်းဖြစ်၍ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေးဆောင်ရွက်ရန် တာဝန် ရှိသူများအား မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ ရန်ကုန် - မန္တလေးလမ်းမကြီးနှင့် သနပ်ပင်လမ်းတို့တွင် လမ်းလယ် အလှပန်းခုံများ၊ စတီးလက်ရန်း များနှင့်   လမ်းလယ်မီးတိုင်များ တပ်ဆင်ပြီးစီးမှုနှင့် ထပ်မံတပ်ဆင် နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ      မှာကြားခဲ့ ကြောင်း သိရသည်။    
သတင်းစဉ်