ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကြို့ပင်ကောက်မြို့နယ် တရားရုံးအဆောက်အအုံသစ် မင်္ဂလာပန္နက်တော်တင်အခမ်းအနားသို့ တက်ရောက်

 

ကြို့ပင်ကောက်   မတ်  ၂


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်း သည် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊    တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသ ကြီး ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကြို့ပင်ကောက်မြို့ တရားရုံးအဆောက် အအုံသစ်    မင်္ဂလာပန္နက်တော်တင်အခမ်းအနားသို့ ရောက်ရှိရာ    မြို့နယ်တရားသူကြီးနှင့်  တာဝန်ရှိသူ တစ်ဦးက တရားရုံးသစ်တည်ဆောက်ရခြင်းဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ 

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ သည် မင်္ဂလာပန္နက်တော်တင်နေရာများ၌ ပန္နက် တော်များ ရိုက်သွင်းကြပြီး  အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

 


ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးချုပ်တို့က  ရတနာ ရွှေမိုးငွေမိုး   ရွာသွန်းဖြိုးကာ     အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

 


အဆိုပါ ကြို့ပင်ကောက်မြို့နယ် တရားရုံးအသစ် ၏ ပင်မတရားရုံးကို  အလျား ၁၄၇ ပေ၊ အနံ ၅၆ ပေရှိ သံကူကွန်ကရစ် နှစ်ထပ်အဆောက်အအုံအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်