
ပဲခူး စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နွေရာသီစိုက်ပျိုးရေ အပြည့်အဝရရှိစေရေးနှင့် သောက် သုံးရေရှားပါးပြတ်လပ်မှု မရှိစေ ရေး ညှိနှိုင်းအစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
သိုလှောင်ထားရန် လိုအပ်
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသ ကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယ စပါးကျီဖြစ်သည့်အတွက် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိသဖြင့် စိုက်ပျိုး ရေ အပြည့်အဝရရှိစေရေး ဆည်/တမံများ၌ မိုးရေများ ပြည့်မီ သိုလှောင်ထားရန် လိုအပ်ကြောင်း၊ ဆည်/တမံများမှ စုဆောင်းထား သည့် မိုးရေများအား ရေပေးဝေရာ တွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေး နှင့် အကျိုးရှိရှိအသုံးချနိုင်စေရေး လက်တံ ရေပေးတူးမြောင်းများ ပြန်လည် ပြုပြင်မွန်းမံခြင်းနှင့် ကြံ့ခိုင်မှုများ စစ်ဆေးခြင်းတို့ကို သက်ဆိုင်ရာ ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာနက ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ ရေရရှိနိုင် သည့် အရင်းအမြစ်များအား ရှာဖွေ ၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နွေစပါး စိုက်ပျိုး ချိန်မီ မျိုးကောင်းမျိုးသန့်များ ရရှိ စေရေးနှင့် သိပ္ပံနည်းကျစိုက်ပျိုး ရေးနည်းစနစ်များကို တောင်သူ များ သိရှိလိုက်နာစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာန က ကွင်းဆင်းဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း၊ နွေရာသီတွင် သောက်သုံးရေရှားပါးသည့် ဒေသ များ၌ စက်ရေတွင်းများ၊ ရေကန် များ တူးဖော်ပေးနိုင်ရေး သက်ဆိုင် ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကြိုတင်လျာထား တင်ပြပေးရန် လိုအပ်မည်ဖြစ် ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကိုကိုဦးက တိုင်းဒေသ ကြီးအတွင်း ဆည်/တမံ ၃၉ ခု၏ ရေသိုလှောင်ထားရှိမှုနှင့် နွေရာသီ စိုက်ပျိုးရေ အပြည့်အဝရရှိစေ ရေး စီစဉ်ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ ပဲခူးတိုင်းဒေသ ကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် နွေရာသီ သောက်သုံးရေရှားပါးသည့် ဒေသ များ၌ စက်ရေတွင်း တူးဖော် ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေ များကိုလည်းကောင်း၊ တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူး ဦးမျိုးဝင်းက နွေစပါးအား လျာထားချက်ထက် ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် တောင်သူကြိုက် မျိုးကောင်း မျိုးသန့်စပါးများ အလုံအလောက် ဖြန့်ဖြူးပေးနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေ များကိုလည်းကောင်း Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်