
ပဲခူး ဒီဇင်ဘာ ၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ နှင့်အတူ ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်ရှိ CMP အထည်ချုပ် စက်ရုံများဖြစ်သည့် Myan Star နှင့် Suit Star အထည်ချုပ်စက်ရုံ များသို့ သွားရောက်ပြီး လုပ်ငန်း ခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်ရေး၊ အလုပ်ရှင်၊ အလုပ် သမား လုပ်ငန်းခွင်ဆက်ဆံရေး ပိုမို အားကောင်းလာစေရေး အတွက် စက်ရုံ၊ အလုပ်ရုံများမှ အကောင်အထည်ဖော်ဆောင်ရွက် မှုကို ကြည့်ရှုအားပေးသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့အား စက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက CMP လုပ်ငန်းများသည် အလုပ် အကိုင်အခွင့်အလမ်း အများဆုံး ဖန်တီးပေးနိုင်၍ မြန်မာလုပ်သား ထုနှင့် နိုင်ငံတော်အတွက် ရေတို၊ ရေရှည် အကျိုးဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်း ဖြစ်ခြင်း ကြောင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဖွင့်လှစ်လျက်ရှိပြီး New Normal အခြေအနေနှင့် လုပ်ကိုင်နိုင်ရေး သက်ဆိုင်ရာ ဦးစီးဌာနများက စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အနေ ဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ Skilled Labour များကို ကျွမ်းကျင်မှု အဆင့်နှင့် ကိုက်ညီသည့် အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် များ ပေးအပ်နိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ရာ လုပ်ငန်းခွင်အတွင်း လုပ်သား အင်အားများပြားပြီး အလုပ်အကိုင် အခွင့်အလမ်းများသည့် အထည် ချုပ်လုပ်သား အလုပ်အကိုင်ကို ဦးစားပေး စစ်ဆေးအကဲဖြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ကျွမ်းကျင်လုပ်သားများ မွေး ထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုးတက်စေပြီး တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် လည်း အထောက်အပံ့များစွာ ရရှိစေနိုင်သဖြင့် အစိုးရ၊ အလုပ် ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန် မြှင့် ဆောင်ရွက်ရန်လိုကြောင်း။
အလုပ်သမားရေးရာ အငြင်း ပွားမှုများ လျော့နည်းစေရေး၊ မျှတသည့် အလုပ်သမားရေးရာ ဆက်ဆံမှု ထူထောင်နိုင်ရေး၊ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်သမား အဖွဲ့အစည်းများ သည် အလုပ်ရှင်များနှင့် စဉ်ဆက် မပြတ် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းပြီး လုပ်ငန်းခွင် မတော်တဆထိခိုက်မှု နှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းသည်နှင့်အမျှ ကုန်ထုတ်စွမ်းအား မြင့်မားစေရေး အတွက် များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်