ပဲခူးတိုင်းဒေသကြီး၏ ပထမဆုံး MSMEs ထုတ်ကုန်များ အရောင်းစင်တာနှင့်ပတ်သက်၍ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၏ စကားသံများ

 

တွေ့ဆုံမေးမြန်း- စိုးပိုင်
ဓာတ်ပုံ- ဝဏ္ဏ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အနေဖြင့် ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များ အရောင်းစင်တာကို ပဲခူးမြို့ သီရိဥဿာဈေး၌ အောက်တိုဘာ ၁၉ ရက်က စတင် ဖွင့်လှစ်ထားပြီဖြစ်သည်။ ထိုသို့ တိုင်းဒေသကြီး အတွင်းရှိ  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှထွက်ရှိသည့် ဒေသထွက်ကုန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ခင်းကျင်းပြသ ရောင်းချဝယ်ယူနိုင်မည့်အခြေအနေနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၏စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။
ဦးတင်ဦး
ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး
နိုင်ငံတော်အကြီးအကဲ      အနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊    MSME လုပ်ငန်းများကို    အားပေးမြှင့်တင်ဖို့  ကျွန်တော်တို့ အစိုးရအဖွဲ့ကို လမ်းညွှန် မှာကြားတာရှိပါတယ်။       ဒါကြောင့် တိုင်းဒေသကြီး အသေးစား၊ အငယ်စား နှင့်   အလတ်စား    စီးပွားရေးလုပ်ငန်း များ(MSMEs)          ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ နာယက တိုင်းဒေသကြီးဝန်ကြီး ချုပ်    ဦးဆောင်မှုနဲ့     တိုင်းဒေသကြီး အတွင်းရှိ  ခရိုင်ခြောက်ခရိုင်၊ မြို့နယ် ၂၈   မြို့နယ်က  ထွက်ရှိတဲ့   စိုက်ပျိုးရေးကို အခြေခံတဲ့             ဒေသထွက်ကုန်တွေ၊ စားသောက်ကုန်၊    လူသုံးကုန်တွေကို အဆင့်မြှင့်တင်ပြီး တစ်စုတစ်ဝေးတည်း ခင်းကျင်းပြသနိုင်အောင်   ဒီအရောင်း စင်တာကို စီစဉ်ခဲ့တာဖြစ်ပါတယ်။
ဒီလိုစီစဉ်ပေးတာက အဓိကအားဖြင့် လုပ်ငန်းရှင်တွေအတွက်      ဈေးကွက် ချဲ့ထွင်နိုင်အောင်   တစ်ဖက်တစ်လမ်း ကနေ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါ တယ်။ ဒီစင်တာအတွက် သက်ဆိုင်ရာ အေဂျင်စီအဖွဲ့ဝင် ဌာနဆိုင်ရာအားလုံးက ပူးပေါင်းပါဝင်            အထောက်အကူပြုခဲ့ ကြတယ်။   ဒီစင်တာက   တိုင်းဒေသကြီး အနေနဲ့  ပထမဆုံး  ဆောင်ရွက်နိုင်ခဲ့တဲ့ MSME လုပ်ငန်းနဲ့ပတ်သက်တဲ့ အရောင်း စင်တာဖြစ်ပါတယ်။ 
အခု   ဒီစင်တာမှာ   တိုင်းဒေသကြီး အတွင်းက ထုတ်ကုန်အမယ်ပေါင်း ၃၀၀ ကျော်ကို    ခင်းကျင်းပြသရောင်းချထား ပါတယ်။ ဒီထဲမှာ MEC ရဲ့ ထုတ်ကုန်တွေ လည်း ပါဝင်ပြသထားပါတယ်။ ပြည်သူ တွေကလည်း       စိတ်ဝင်တစားနဲ့ လာရောက်အားပေးဝယ်ယူကြပါတယ်။ ကျွန်တော်တို့  ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ တိုင်းဒေသကြီး  အချိန်တို အတွင်း ဖွံ့ဖြိုးဖို့  ဆက်ပြီးတော့ MSME လုပ်ငန်းတွေကို အားပေးမြှင့်တင်သွားပါ မယ်။ လုပ်ငန်းရှင်တွေ လိုအပ်တဲ့ ငွေကြေး အရင်းအနှီး၊   ဈေးကွက်၊   ကုန်ကြမ်း၊ နည်းပညာတွေကို စဉ်ဆက်မပြတ် ပံ့ပိုး ပေးလျက်ရှိပါတယ်။
ဦးဇေယျာဆွေ
ညွှန်ကြားရေးမှူး
ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန 
ကျွန်တော်တို့  တိုင်းဒေသကြီး ခရိုင် ခြောက်ခရိုင်ထဲမှာ MSME လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့            ဈေးရောင်းပွဲတော်၊ ထုတ်ကုန်ပစ္စည်း ပြပွဲပြိုင်ပွဲတွေ လုပ်ခဲ့ တယ်။ အဓိကတော့ MSME လုပ်ငန်းတွေ အတွက်   အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်တဲ့         ဈေးကွက်ရရှိအောင်ပါ။ ဈေးရောင်းပွဲတော်ကနေ       ရရှိတဲ့ ဈေးကွက်အခွင့်အလမ်းထက် အမြဲတမ်း ဖွင့်လှစ်ထားတဲ့ အခုလို အရောင်းစင်တာ တွေက ပိုပြီးဈေးကွက်အခွင့်အလမ်းရနိုင် တယ်။ ဒါကြောင့် ကုန်သွယ်မှုရှုထောင့် ကနေ   ပြည်တွင်းကုန်သွယ်မှု   ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ပဲခူးမြို့ မြို့မဈေးကြီး အပေါ်ထပ်မှာပဲ MSME  အရောင်းစင်တာ ဖွင့်လှစ်ဖို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ညွှန်ကြားမှုနဲ့အညီ     ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီစင်တာမှာ တိုင်းဒေသကြီး ထဲမှာရှိတဲ့ ခရိုင် ၆ ခရိုင်၊  မြို့နယ် ၂၈ မြို့နယ်က    MSME    လုပ်ငန်းတွေက ထုတ်ကုန်တွေကို တစ်နေရာတည်းမှာ ပြသခင်းကျင်း  ရောင်းချနိုင်ဖို့   စီစဉ်ခဲ့ပါ တယ်။   ဒီလို   စီစဉ်ခဲ့တဲ့အတွက်  အခု ဒီအရောင်းစင်တာထဲမှာ   လုပ်ငန်းရှင် ၁၀၀ ကျော်ရဲ့  ထုတ်ကုန်အမယ် ၃၀၀ ကျော်ကို      ပြသရောင်းချနေပါပြီ။ လုပ်ငန်းရှင်တွေအတွက်         အခမဲ့ လာရောက်ပြသ  ခင်းကျင်းရောင်းချနိုင် အောင်   စီစဉ်ဆောင်ရွက်ထားတာဖြစ် ပါတယ်။ ဒါကြောင့်  အရောင်းစင်တာမှာ တိုင်းဒေသကြီးထဲက MSME  လုပ်ငန်းရှင် တွေအနေနဲ့ မိမိတို့ထုတ်ကုန်ပစ္စည်းများ လာရောက်ခင်းကျင်းပြသ    ရောင်းချဖို့ ဖိတ်ခေါ်ပါတယ်။          ထပ်ပြီးတော့ လာရောက်ပြသမယ့်   လုပ်ငန်းရှင်တွေ အဆင်ပြေအောင်လည်း ကျွန်တော်တို့ အနေနဲ့  MSME အေဂျင်စီအနေနဲ့ လိုအပ် တာတွေကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 
ဒေါ်သီရိရတနာလှိုင်
ရိုးရာမောင် မြန်မာ့ချည်ထည်ထုတ်ကုန် လုပ်ငန်း
ချည်ထည်   အဝတ်အထည်တွေကို ရွှေတောင်ကနေ ပါဝင်ရောင်းချတာဖြစ်ပါ တယ်။ အခုလို တိုင်းဒေသကြီးဝန်ကြီးချုပ် နဲ့ တာဝန်ရှိသူများကိုယ်တိုင် အားပေးတဲ့ အတွက် ကျွန်မတို့လို  MSME လုပ်ငန်းရှင် တွေအတွက်  အထောက်အပံ့အများကြီး ရပါတယ်။ ကျွန်မအနေနဲ့ ဒီလိုမျိုး MSME လုပ်ငန်းတွေကိုအားပေးတဲ့ အရောင်းပြပွဲ တွေ၊ ဈေးရောင်းပွဲတော်တွေမှာ လိုက်လံ ပြသရောင်းချလျက်ရှိပါတယ်။ ကျွန်မတို့ လို လုပ်ငန်းရှင်တွေအတွက် ဝယ်ယူသူနဲ့ တိုက်ရိုက်ချိတ်ဆက်မှု   အများကြီးရပါ တယ်။ ကိုယ်တိုင်ကိုယ်ကျ ဈေးကွက်ရှာ မယ်ဆိုရင်   အများကြီး   အားထုတ်ရပါ တယ်။ အခုလိုမျိုး ပါဝင်ပြသတဲ့  အခါကျ တော့ MSME လုပ်ငန်းရှင်တွေ   တစ်စု တစ်စုတည်းဖြစ်တယ်၊   ဒီလိုစုစည်းမိပြီး ဝယ်သူကလည်း     တစ်နေရာတည်းကို လာရတယ်၊ ဈေးကွက်ချဲ့ထွင်မှုကလည်း ပိုအားသာပါတယ်။ စင်တာဖွင့်ပွဲမနက်မှာ ပဲ  ကျွန်မဆိုရင်  ဈေးကွက်အသစ်တွေ ရရှိခဲ့ပါတယ်။ ကိုယ်စားလှယ်အသစ်တွေ ရရှိခဲ့တယ်။  အခုလို ကြီးကျယ်ခမ်းနားတဲ့ MSME  အရောင်းစင်တာမှာ အခမဲ့နေရာ ပေးပြီး    ကျွန်မတို့လုပ်ငန်းရှင်တွေရဲ့ ဒေသထွက်ကုန်တွေကို အားပေးမြှင့်တင် ဆောင်ရွက်ပေးခဲ့တဲ့  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့   တာဝန်ရှိသူများအားလုံး ကို    အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ 
Mr. Andrew Kim
Managing Director
Law & Accounting Firm 
ဒီစင်တာဖွင့်ပွဲ             အခမ်းအနားကို  ပါဝင်     တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။  ဒီစင်တာ စဖွင့်တဲ့   ဒီနေ့မှာပဲ တိုင်းဒေသကြီးထဲက  ထုတ်ကုန်တွေ၊ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးကို     တစ်နေရာတည်းမှာ ခင်းကျင်းရောင်းချနေမှုအပေါ် စိတ်ကြိုက် ဝယ်ယူခွင့်ရခဲ့ပါတယ်။ ပြီးတော့ ဒီစင်တာ က အသေးစား၊ အလတ်စား လုပ်ငန်းတွေ ကို အားပေးဖို့ ဖော်ဆောင်ထားတာဖြစ်ပါ တယ်။       ဒီစင်တာကြီးက      ဒေသဖွံ့ဖြိုး တိုးတက်ရေးကို များစွာထောက်ပံ့ကူညီပေးနိုင်မယ်လို့      ယုံကြည်မျှော်လင့်ပါ တယ်။ 
ဦးအောင်ကြည်စိုး
တောင်သူအကျိုးပြု  လယ်ယာသုံး 
လုပ်ငန်းနှင့် အာမခံ ပန်းပဲ
ကျွန်တော်က      အုတ်ဖိုမြို့ကနေ လယ်ယာသုံးပစ္စည်းတွေ လာရောက်ပြသ ရောင်းချတာ   ဖြစ်ပါတယ်။    ဒီနေ့မှာပဲ ပြသရောင်းချထားတဲ့     လယ်ယာသုံး ပစ္စည်းတွေကို စိတ်ဝင်တစား လာရောက် မေးမြန်းဝယ်ယူကြပါတယ်။   ဒီအတွက် ဝမ်းသာမိပါတယ်။ ဒီလယ်ယာသုံးပစ္စည်း တွေဟာ  တောင်သူတွေရဲ့ လုပ်ငန်းခွင် အတွက် အသုံးဝင်တဲ့ပစ္စည်းတွေ ဖြစ်ပါ တယ်။  ဒီပစ္စည်းတွေ  ရောင်းချနိုင်ဖို့ ဈေးကွက်အခွင့်အလမ်းကို ဒီစင်တာက နေ ရရှိမယ်လို့ ယုံကြည်ပါတယ်။ ဒီလို စင်တာမှာ  ပါဝင်ပြသနိုင်ဖို့  သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက   အားတက်သရော ကူညီပေးကြပါတယ်။ အခုလို အရောင်း စင်တာမှာ   နေရာပေးပြီး    ခင်းကျင်း ရောင်းချခွင့်ရရှိအောင် စီစဉ်ဆောင်ရွက် ပေးတဲ့သူတွေကိုလည်း   ကျေးဇူးတင်ပါ တယ်။
ဦးသူရဝင်း
ရှင်မ ငါးပိ ငံပြာရည်လုပ်ငန်း
ပဲခူးမြို့ကနေ    ပါဝင်ရောင်းချပြသ တာဖြစ်ပါတယ်။    ကျွန်တော်တို့   ငါးပိ ငံပြာရည်လုပ်ငန်းက ကျွန်တော်တို့ဒေသ က      ဆည်မြောင်းအင်းအိုင်တွေက ထွက်ရှိတဲ့ ရေထွက်ကုန်ကိုပဲ အဓိကထား ထုတ်လုပ်ပါတယ်။        ရေထွက်ကုန် ကုန်ကြမ်းကို ကျွန်တော်တို့ ဒေသကနေပဲ ရရှိတာဖြစ်ပါတယ်။ ဒီလိုမျိုး ပါဝင်ခင်းကျင်းရောင်းချခွင့်ရတာဟာ    ကျွန်တော် တို့လို လုပ်ငန်းရှင်တွေအတွက် အကျိုး ကျေးဇူးများစွာ ရှိပါတယ်။   ကျွန်တော်တို့် တိုင်းဒေသကြီးထဲက တခြားလုပ်ငန်းရှင် တွေကိုလည်း      လာရောက်ပါဝင်ပြသဖို့ ဖိတ်ခေါ်ချင်ပါတယ်။


ဒီလို MSME  အရောင်းစင်တာတွေကနေ ကျွန်တော်တို့လို     လုပ်ငန်းတွေရဲ့ကုန် ပစ္စည်းတွေကို   ဈေးကွက်ပိုပြီး   ချဲ့ထွင် ခွင့်ရနိုင်မယ့်     အခွင့်အလမ်းရှိတယ်။ လက်ရှိ  ရှိနေတဲ့ ဈေးကွက်အပြင် ကိုယ် မသိသေးတဲ့ ဈေးကွက်အခွင့်အလမ်းကို ရနိုင်တဲ့အတွက် ဒီအရောင်းစင်တာတွေ ဟာ   MSME   လုပ်ငန်းရှင်တွေအတွက် အများကြီး အထောက်အကူပြုတယ်လို့ မြင်ပါတယ်။ 
ဦးသိန်းအောင်
ထွန်း ပဲကြီးလှော်လုပ်ငန်း
ဒီလုပ်ငန်းကို         လုပ်ကိုင်လာတာ  ၇၅ နှစ်ကျော်ကာလ ရှိပါပြီ။ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဒီအရောင်းစင်တာမှာ နေရာပေးပြီး         ပါဝင်ပြသရောင်းချဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက်        ပါဝင်ပြသ ရောင်းချခွင့်ရခဲ့တယ်။ ဒီလို မြန်မာ့ရိုးရာ အစားအစာကို        အားပေးမြှင့်တင် ဖော်ထုတ်ပေးတဲ့အတွက်     အင်မတန် ဝမ်းသာရပါတယ်။    မိရိုးဖလာလုပ်ငန်း ဖြစ်တဲ့အတွက် ထုပ်ပိုးမှုက ရိုးရှင်းတယ်။ ဝယ်ယူသူကို         ဆွဲဆောင်နိုင်ဖို့အတွက် ခေတ်မီတဲ့          ထုပ်ပိုးမှုပုံစံအသစ်တွေနဲ့ ထုတ်ကုန်အဆင့်မြှင့်တင် ဆောင်ရွက်ဖို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင်က အားပေးပြီး  လိုအပ်တာတွေကို အစစ အရာရာ     ဖြည့်ဆည်းစီမံဆောင်ရွက် ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီစင်တာ မှာ   ထုပ်ပိုးမှုပုံစံအသစ်နဲ့   ကျွန်တော်တို့ ဒေသထွက်  ပဲကြီးလှော်၊  ပဲခြမ်းကြော်၊ မြေပဲလှော် စတဲ့ဒေသထွက်ကုန်တွေကို ပါဝင်ခင်းကျင်းရောင်းချနိုင်တာ   ဖြစ်ပါ တယ်။   မြန်မာလူမျိုးတွေနှစ်သက်တဲ့ မြန်မာ့ရိုးရာ   အစားအစာကို   အခုလို ထုပ်ပိုးမှုပုံစံအသစ်နဲ့          ထုတ်ကုန် အဆင့်မြှင့်   ပြောင်းလဲထားတဲ့အတွက် ပိုပြီး  အရောင်းတွင်ကျယ်လာပါတယ်။  ဈေးကွက်ချဲ့ထွင်နိုင်သလို    ဈေးကွက် များစွာလည်း ရရှိခဲ့ပါတယ်။ 
ဦးအောင်ကျော်ဆန်း
ပန်းကမ္ဘာမြန်မာ့လက်မှုလုပ်ငန်း
ကျွန်တော်တို့  မြန်မာ့လက်မှုလုပ်ငန်း က ရန်ကုန်၊ နေပြည်တော်မှာ ပြုလုပ်တဲ့ MSME  ထုတ်ကုန်ပြပွဲတွေ၊ ဈေးရောင်း ပွဲတော်တွေမှာလည်း         ပါဝင်ပြသ ရောင်းချခဲ့ပါတယ်။  အခု  ကျွန်တော်တို့ တိုင်းဒေသကြီးမှာ     ပထမဆုံး  ဖွင့်လှစ် တဲ့  MSME  လုပ်တဲ့ အရောင်းစင်တာ မှာလည်း   တိုင်းဒေသကြီး   ဝန်ကြီးချုပ် ရဲ့        ဖိတ်ခေါ်မှုနဲ့အတူ        လာရောက် ပြသ   ခင်းကျင်းရောင်းချပေးတာ   ဖြစ်ပါ တယ်။ 
ဒီလိုပြသ  ခင်းကျင်းရောင်းချရာမှာ လည်း လာရောက်တဲ့ လူတန်းစားမရွေး ဝယ်ယူနိုင်အောင်      ကျွန်တော်တို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေဟာ     ကျပ်ငါးရာ၊ တစ်ထောင်ကနေစပြီး          တန်ဖိုးမျိုးစုံ သက်သာတဲ့နှုန်းထားနဲ့   ရောင်းချနေပါ တယ်။  အရောင်းစင်တာက မြို့မဈေးမှာရှိ တဲ့အတွက် ဈေးလာဝယ်ကြတဲ့ အိမ်ရှင်မ တွေ  စိတ်ဝင်စားမယ့်  မီးဖိုချောင်သုံး မြန်မာ့လက်မှုလုပ်ငန်း    ပစ္စည်းတွေကို အဓိကထား  ပြသရောင်းချနေပါတယ်။ ဒီလို         ပြသရောင်းချခွင့်ရတဲ့အတွက်  တိုင်းဒေသကြီးကနေ ဒီလိုပစ္စည်းမျိုးတွေ ထွက်ရှိတယ်ဆိုတဲ့   အသိဟာ   အများ ပြည်သူကြား          ပိုပြီးကျယ်ပြန့်သွား ပါတယ်။  ဒီကနေတစ်ဆင့်   ဈေးကွက် လည်း    ပိုပြီးကျယ်ပြန့်လာမှာ      ဖြစ်ပါ တယ်။ အခုလို   ကျွန်တော့်ရဲ့   လက်မှု ပစ္စည်း     MSME    ရောင်းကုန်များကို   အရောင်းစင်တာ             ဖွင့်လှစ်ပေးပြီး   ကျယ်ကျယ်ပြန့်ပြန့်     ရောင်းချနိုင်ရေး  ဈေးကွက်ရရှိရေး တွန်းအားပေး  မြှင့်တင် ဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာ   တာဝန် ရှိသူများအားလုံးကို           အထူးကျေးဇူး တင်ရှိပါကြောင်း                ပြောကြားလို ပါတယ်။