
ပဲခူး စက်တင်ဘာ ၂၈
ပဲခူးတိုင်း ဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အခွန် လျာထားချက်များ ပြည့်မီကျော် လွန်အောင် ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပသည်။
ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး
အစည်းအဝေးတွင် တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်းက ပဲခူးတိုင်းဒေသ ကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ငွေများ ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ကောက်ခံ ကြရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် အခွန် ဆောင်သည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာစေရေး ပညာပေး ဆောင်ရွက်သွားရမည်ဖြစ် သကဲ့ သို့ အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးနှင့် အခွန်ထမ်းအသစ်များ ထပ်မံဖော် ထုတ်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တိုင်းဒေသကြီး အတွင်းရေးမှူးတို့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အခွန်လျာ ထားချက်များ ပြည့်မီကျော် လွန်အောင် ကောက်ခံရရှိရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး အစည်းအဝေးသို့ တက်ရောက် လာကြသည့် ဌာနဆိုင်ရာ တာဝန် ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် အခွန်ရငွေနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေခွန်လျာ ထားချက်များကို ရှင်းလင်းတင်ပြ ကြသည်။
ငါးမွေးမြူရေးဇုန်များ ဖော်ထုတ်
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်အလိုက် အခွန်ရှောင် လုပ်ငန်းများကို ဖော်ထုတ်၍ တရားဝင်အခွန် ဆောင်စေရေးနှင့် ဓာတ်သတ္တုခွန် ပေးဆောင်ရသည့် လုပ်ငန်းများ တရားမဝင် ဆောင်ရွက်နေခြင်း များကို စိစစ်ကြီးကြပ်ဖော်ထုတ် သွားရန်၊ ငါးမွေးမြူရေးဇုန်များ ဖော်ထုတ်ပေးခြင်းများ ဆောင် ရွက်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်