ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇူလိုင်  ၁၅


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး    ဦးလှမိုးနှင့်    အဖွဲ့သည် ယနေ့    နံနက်ပိုင်းက    ပဲခူးတိုင်း ဒေသကြီးအတွင်း    သမဝါယမ လုပ်ငန်းများ၊   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ   အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့်   ကျေးလက်နေပြည်သူများ၏  အခြေခံ လိုအပ်ချက်များ     ဖြည့်ဆည်း ပေးနိုင်ရေး    ကွင်းဆင်းစစ်ဆေးသည်။

 


ဆိုလာရေတင်စနစ်


ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပေါက်ခေါင်း မြို့နယ် ချောင်းကျိုးကျေးရွာတွင် စိုက်ပျိုးထားသော   မျိုးနေကြာ စိုက်ခင်းကိုလည်းကောင်း၊ မိုဘိုင်း ဆိုလာအသေးစား   ရေတင်စနစ် ဖြင့် နေကြာအပါအဝင် စိုက်ပျိုးရေ ရရှိရေး Pilot စမ်းသပ်ဆောင်ရွက် မှုကိုလည်းကောင်း      ကြည့်ရှု စစ်ဆေးပြီး သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန    ကဏ္ဍအနေဖြင့် နေကြာစိုက်ပျိုးသူများ   မျိုးနှင့်   သွင်းအားစုအတွက် လိုအပ်ငွေကို      မြစိမ်းရောင်  (နေကြာဆီထွက် သီးနှံ)  စီမံကိန်းမှ  ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊    မျိုးစေ့ ထုတ်တောင်သူများထံမှ  အရည် အသွေးမီမျိုးစေ့များကို  ပြန်လည် စိုက်ပျိုးမည့်     တောင်သူများမှ စနစ်တကျဝယ်ယူစိုက်ပျိုးနိုင်ရေး   သမဝါယမဦးစီးဌာန၊   ကျေးလက် ဒေသ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ     ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင် မြို့ရှိ    ရက်ကန်းနှင့်   အသက်မွေး ပညာ       သင်တန်းကျောင်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးသည်။

 


ကျေးရွာချင်းဆက် လမ်းခင်း


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက   အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့်  ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၂၅၀၀  ကျော် ဖြတ်သန်းသွားလာ အသုံးပြုလျက် ရှိသည့် ပွဲသာ-ရှားတိုင်း-ကျောက် ထရံ ကျေးရွာချင်းဆက် ကျောက် ချောလမ်း အရှည်တစ်မိုင် ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ပေါင်းစပ်ဖြည့်ဆည်း ဆောင် ရွက်ပေးသည်။ 

 


ဓာတ်မြေဩဇာများ ထောက်ပံ့


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် သဲကုန်းမြို့ နယ်      ပုတီးကုန်းကျေးရွာ၌  အောင်နိုင်သစ္စာကုမ္ပဏီလီမိတက် နှင့် အောင်သဇင်စိုက်ပျိုးရေးနှင့် အထွေထွေ     စီးပွားရေးလုပ်ငန်း သမဝါယမအသင်း  လီမိတက်တို့ ပူးပေါင်း    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  Cont-ract Farming စနစ် ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး သမ ဝါယမအသင်းသားများ၊ တောင်သူ များအား    သွင်းအားစုဓာတ်မြေ ဩဇာများ  ထောက်ပံ့ပေးအပ်၍ အသင်းပိုင် ဆန်စက်လည်ပတ်နေ မှုကို ကြည့်ရှုအားပေးသည်။

 


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် နတ်တလင်း မြို့နယ် မှန်တန်းကြီးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက     ခေတ်မီစံပြ ကျေးရွာ  အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာ သူ ကျေးရွာသားများနှင့်  တွေ့ဆုံ ကာ ကျေးရွာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် သမဝါယမဦးစီးဌာနမှ နိုင်ငံတော်ဘတ်ဂျတ်မှ ထောက်ပံ့ ငွေ ၅၀ ရာခိုင်နှုန်း  မှန်တန်းကြီး စိုက်ပျိုးရေးနှင့် အထွေထွေသမ ဝါယမအသင်းမှ ၅၀ ရာခိုင်နှုန်းဖြင့် ဝယ်ယူထားသော ငွေကျပ် ၂၇၂ ဒသမ  ၇၀၈၈၉  သိန်း  တန်ဖိုးရှိ Daedong  RX7620 ထွန်စက် နှစ်စီးကို   လည်းကောင်း၊    ကျေး လက်စီးပွား   ရန်ပုံငွေထူထောင် ခြင်း  စီမံကိန်း(RBF)  ရန်ပုံငွေ ကျပ်သိန်း ၃၀၀  ကို မှန်တန်းကြီး ကျေးရွာ    ရန်ပုံငွေကြီးကြပ်မှု ကော်မတီများကို  လည်းကောင်း ထောက်ပံ့ပေးအပ်ကာ   ဆပ်ပြာ ချက်      နည်းသင်တန်းသူများ ထုတ်လုပ်ထားသော  ဆပ်ပြာရည်၊ ဆပ်ပြာခဲအမျိုးမျိုးတို့ကို ကြည့်ရှု အားပေးသည်။ 

 


စီမံကိန်းရန်ပုံငွေ ပေးအပ်


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်  ပဲခူးတိုင်း ဒေသကြီး သာယာဝတီမြို့ရှိ ဆရာ စံ ခန်းမတွင်  နေကြာအပါအဝင် ဆီထွက်သီးနှံ     စိုက်ပျိုးသော တောင်သူများ   လိုအပ်လျက်ရှိ သည့်   မျိုးစေ့၊  သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ  သုံးစွဲနိုင်ရန် သာယာဝတီခရိုင်      အတွင်းရှိ ကျေးရွာ ၁၂၅  ရွာအား   စီမံကိန်း ရန်ပုံငွေပေါင်း ကျပ်သန်း ၁၃၄၀ ကို    သက်ဆိုင်ရာ    ကျေးရွာ ကော်မတီဝင်များထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်