ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်

 

ပဲခူး   မတ်   ၃၁


ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ ပြည်ပရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာသဖြင့် ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများစွာ ဖန်တီးပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးတက် လာခြင်းနှင့်အတူ   ဖွံ့ဖြိုးလာသည့်   မြို့ပြလူနေမှု အခြေအနေများအတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်လုပ်ငန်းများ    ရင်းနှီးမြှုပ်နှံရန်     ဖိတ်ခေါ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။ 

 


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး   တော်ဝင် ဟံသာခန်းမ၌ မတ် ၃၀ ရက် မွန်းလွဲပိုင်းက ကျင်းပ သည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၃/၂၀၂၂) တွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 


ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံသူများနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံ တစ်ရာရှိလာပါက ဥပဒေနှင့်အညီ  ဖြေရှင်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက မတည်ရင်းနှီးငွေတိုးမြှင့်ခြင်းနှင့် တည်ဆောက်ရေး ကာလတိုးမြှင့်ခြင်း ကုမ္ပဏီနှစ်ခု၊ သီးသန့်တည်ဆောက် ရေးကာလတိုးမြှင့်ခြင်းကုမ္ပဏီသုံးခုနှင့် ကုမ္ပဏီ အသစ်လျှောက်ထားခြင်း  တစ်ခုတို့၏ တင်ပြချက် များကို ရှင်းလင်းတင်ပြရာ   တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီဝင်များက    အကြံပြုဖြည့်စွက် တင်ပြပြီး   တိုင်းဒေသကြီးဝန်ကြီးချုပ်က   ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

 


ရှင်းလင်းတင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီး အတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ  ၆ ဒသမ ၈၀၃ သန်း ထပ်မံဝင်ရောက်လာသဖြင့် လူဦးရေ ၁၀၃၁ ဦးအတွက်  အလုပ်အကိုင်အခွင့် အလမ်းများ   ထပ်မံဖန်တီးပေးနိုင်မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်   ဖေဖော်ဝါရီ   ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု နှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၆၁၂ သန်းနှင့်   မြန်မာကျပ်ငွေ ၈၃၂၉ ဒသမ ၁၅ သန်း   ဝင်ရောက်ခဲ့ပြီး   အလုပ်အကိုင် အခွင့်အလမ်း  ၅၉၈၄ ဦး    ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။                                        

သတင်းစဉ်