
ပဲခူး သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ အနီးကပ်ကြီးကြပ်ကာ ဩဂုတ် ၂၃ ရက် မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေ ရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးမှ အခြေခံစားသောက်ကုန်ဆန်များ ကို ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ဒေသထွက် ဆန်တစ်ပြည် ပေါက်ဈေး ငွေကျပ် ၁၅၀၀ နှုန်းဖြစ်သော်လည်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် တိုင်းဒေသကြီးအတွင်း ဆန်အိတ်ပေါင်း ၂၀၀၀၀ ကို ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ရပ်ကွက်/ ကျေးရွာများအတွင်း လှည့်လည်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရ သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် အခြေခံစားကုန်များဖြစ်သည့် ဆီနှင့် ကြက်သွန်၊ ငရုတ်သီးများကို လည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)