ပဲခူးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်မှု ၉၇ ဒသမ ၂၃ ရာခိုင်နှုန်းပြီးစီး

 

ပဲခူး  သြဂုတ်  ၁၃


မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားများအားလုံး   ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး     ကိုင်ဆောင်မဲပေးနိုင်ရန် မဲစာရင်း မှန်ကန်ရေးအတွက် အိမ်ထောင်စုလူဦးရေ စာရင်း  ပုံစံ  (၆၆/၆)  ပါ  အချက်အလက်များအား ကွန်ပျူတာဖြင့်   ဖြည့်သွင်းဆောင်ရွက်နေခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌  ဇူလိုင်လ  ၁၇  ရက်မှစတင်၍  ဆောင်ရွက်ခဲ့ရာ သြဂုတ်  ၁၂  ရက်အထိ  တိုင်းဒေသကြီးတစ်ခုလုံး ၉၇ ဒသမ ၂၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 


ပဲခူးတိုင်းဒေသကြီးအတွင်း    အိမ်ထောင်စု ၁၁၀၆၃၆၈  စုအား  Software  Program  ဖြင့် ကွန်ပျူတာများအသုံးပြု၍ ဖြည့်သွင်းရမည်ဖြစ်ပြီး  သြဂုတ် ၁၂ ရက်အထိ အိမ်ထောင်စု ၁၀၇၅၆၈၃ စု၊ ရာခိုင်နှုန်းအားဖြင့်    ၉၇   ဒသမ    ၂၃    ရာခိုင်နှုန်း ဖြည့်သွင်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 


ပုံစံ (၆၆/၆) အိမ်ထောင်စုများအား Software  Program ဖြင့် ကွန်ပျူတာများအသုံးပြု၍ ဖြည့်သွင်း ရာတွင် တောင်ငူခရိုင်၌ ၉၂ ဒသမ ၉၀ ရာခိုင်နှုန်း၊ ညောင်လေးပင်ခရိုင်၌  ၉၈  ဒသမ ၇၅ ရာခိုင်နှုန်း၊ ပဲခူးခရိုင်၌ ၉၃ ဒသမ ၁၁ ရာခိုင်နှုန်း၊ သာယာဝတီ ခရိုင်၌ ၁၀၇ ဒသမ ၇၇ ရာခိုင်နှုန်း၊ နတ်တလင်းခရိုင်၌ ၉၄ ဒသမ ၃၁ ရာခိုင်နှုန်း၊ ပြည်ခရိုင်၌ ၉၄ ဒသမ ၈၀ ရာခိုင်နှုန်း    အသီးသီး    ပြီးစီးနေပြီဖြစ်ပြီး   တိုင်း ဒေသကြီးတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏     လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေးမှုဖြင့်  သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေး အဖွဲ့များမှ    အနီးကပ်ကြီးကြပ်ကာ     မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ    ပေါင်းစပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


တင်စိုး(ပဲခူး)