
ပဲခူး ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုး နှင့်မွေးမြူရေးကို အဓိကထား လုပ်ကိုင်ပြီး သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းပစ္စည်း များ ပေါကြွယ်ဝသဖြင့် သဘာဝ မြေဩဇာထုတ်လုပ်သည့် စက်ရုံ များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ဆောင်ရွက်ကြစေလို ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင် ဟံသာခန်းမ၌ကျင်းပသည့် ပဲခူး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေး(၂/၂၀၂၂) တွင် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အတွင်း အလုပ်လုပ်ကိုင်နိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ လုံလောက်စွာရှိသဖြင့်CMPကဲ့သို့သော အထည်ချုပ်လုပ်ငန်းများ ကိုလည်း ထပ်မံဖိတ်ခေါ်ကြစေလို ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် စက်မှုလုပ်ငန်း များ ခွင့်ပြုချထားပေးရာတွင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ကို မထိခိုက်သော စက်မှုလုပ်ငန်း များကိုသာ ခွင့်ပြုချထားပေးလျက် ရှိကြောင်း၊ စက်မှုဇုန်အတွင်း ကျူးကျော်နေထိုင်မှုများ မရှိစေ ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ် ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးက မတည်ရင်းနှီးငွေ တိုးမြှင့်ခြင်းနှင့် တည်ဆောက်ရေး ကာလတိုးမြှင့်ခြင်း ကုမ္ပဏီနှစ်ခု နှင့် သီးသန့်တည်ဆောက်ရေး ကာလတိုးမြှင့်ခြင်း ကုမ္ပဏီသုံးခု တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက ဖြည့်စွက် ဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင် ရွက်ပေးသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ အထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁၀ ဒသမ ၈၀၉ သန်းနှင့် မြန်မာ ကျပ်ငွေ ၈၃၂၉ ဒသမ ၁၅ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၄၉၅၃ ဦး ဖန်တီး ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်