ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီအထိ အလုပ်အကိုင်အခွင့်အလမ်း ၄၇၉၀၃ ဦး ဖန်တီးပေးနိုင်ခဲ့

 

ပဲခူး  ဇန်နဝါရီ   ၂၂


တိုင်းဒေသကြီးအတွင်း     လာ ရောက်          ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအား ရသင့်ရထိုက် သည့် အခွင့်အရေးများ ခံစားရရှိ နိုင်ရန်နှင့်   ဥပဒေအရ  အကာ အကွယ်ပေးရမည့်   လုပ်ငန်းစဉ် များကို    ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 


ပဲခူးတိုင်းဒေသကြီး  အစိုးရ အဖွဲ့ရုံး  တော်ဝင်ဟံသာခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင်      ကျင်းပ သည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ  အစည်းအဝေး (၁/၂၀၂၂) ၌      ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က    တိုင်းဒေသကြီး အတွင်း CMP ကဲ့သို့သော အထည် ချုပ်လုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးဝင်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်ရေး လုပ်ငန်းများနှင့်     အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိစေမည့် စက်ရုံများကို အဓိကထားခွင့်ပြုပေးလျက်ရှိကြောင်း၊            စက်မှု လုပ်ငန်းများ ခွင့်ပြုချထားပေးရာ တွင်    သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို  မထိခိုက်စေရန်နှင့် စက်မှုဇုန်ဥပဒေအရ     လိုက်နာ ရမည့် စည်းကမ်းချက်များအတိုင်း ကြီးကြပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မှာကြားသည်။

 


ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်    ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြား ရေးမှူးက တိုင်းဒေသကြီအတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက    အကြံပြု ဆွေးနွေးကြပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ်က       ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ပေး သည်။

 


ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂       ခုနှစ်      ဇန်နဝါရီအထိ နိုင်ငံခြားသား  ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား  ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၄၈၃  သန်းနှင့်  မြန်မာကျပ်ငွေ ၈၃၂၉ ဒသမ ၁၅ သန်း ဝင်ရောက် ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၄၇၉၀၃  ဦး   ဖန်တီးပေးနိုင်ခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်