
ပဲခူး မေ ၃
တိုင်းဒေသကြီးအတွင်း သဘာဝ မြေဩဇာ ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းပစ္စည်းများ ပေါကြွယ်ဝ သဖြင့် သဘာဝမြေဩဇာ ထုတ် လုပ်သည့် စက်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင် ရွက်စေလိုကြောင်း၊ တိုင်းဒေသ ကြီးအတွင်း ပြည်တွင်း/ပြည်ပ စက်မှုလက်မှုလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လာမှု ပိုမိုများပြားလာ ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှု အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာ သဖြင့် လိုအပ်သော လျှပ်စစ် ဓာတ်အား ထပ်မံဖြည့်ဆည်း ပေးနိုင်ရန် အရေးကြီးကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပ သည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ အစည်းအဝေး (၄/၂၀၂၂) တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အတွင်းရှိ ဆည်/တမံ၊ မြစ်ချောင်း များကို အခြေခံ၍ ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ် ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရန် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွား ရမည်ဖြစ်ကြောင်း စက်မှုဇုန် အတွင်း မြေလပ်မရှိစေရေးနှင့် စက်မှုမြေငှားရမ်းမှု မြန်ဆန် ချောမွေ့စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကြရမည်ဖြစ် ကြောင်း မှာကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက အဆင့်မြင့် ဆန်အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ် ၍ ပြည်ပသို့ တင်ပို့မည့် လုပ်ငန်း၊ ကုန်ကြမ်းအမျိုးအစားသစ် ထပ်မံ တင်သွင်းပြီး ကုန်ချော ပြောင်းလဲ ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် Unboxing Investment Facili-tation Toolkit 2022 တို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင် များက အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ညှိနှိုင်းဆောင်ရွက်ပေး သည်။
ရှင်းလင်း တင်ပြချက်များ အရ ပဲခူးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မြန်မာငွေကျပ်သန်း ၁၂၀၀ တိုးမြင့်ဝင်ရောက်ခဲ့ပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးမြှင့် ဖန်တီးပေးနိုင်မည်ဖြစ် သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန် အထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၆၁၂ သန်းနှင့် မြန်မာကျပ် ငွေ ၉၅၂၉ ဒသမ ၁၅ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၆၀၀၈ ဦး ဖန်တီး ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်