ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၄
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)အတွင်း လုံခြုံရေးတာဝန်များကို   စွမ်းစွမ်းတမံ  ဆောင်ရွက်လျက်ရှိသည့်    လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ် ရာများ ဂုဏ်ပြုပေးအပ်ပွဲကို ယနေ့နံနက် ပိုင်းတွင်  တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာ၌ ပြုလုပ်ရာ ပဲခူးတိုင်းဒေသ ကြီး   ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်အဖွဲ့ဝင်များ၊ တောင်ငူခရိုင်နှင့်    ညောင်လေးပင်ခရိုင် အတွင်းရှိ မြို့ပေါ် ဈေးသူ၊ ဈေးသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တောင်ငူ ခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့ပေါ် ဈေးသူ၊ ဈေးသားများက ဂုဏ်ပြု ပေးအပ်သည့် ငွေကျပ်သိန်း ၇၃၀ ကျော် တန်ဖိုးရှိ အသင့်စား စားသောက်ဖွယ်ရာ များကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ တိုင်းမှူး က  လက်ခံရယူပြီး(ယာပုံ)   ကျေးဇူးတင် စကား   ပြန်လည်ပြောကြားခဲ့ကြောင်း   သတင်း ရရှိသည်။                          သတင်းစဉ်