ပဲခူးတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လို

 

နေပြည်တော်   ဩဂုတ်   ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်    ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။       
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး     ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဗိုလ်ချုပ်ကြီး ညိုစော၊  ပြည်ထောင်စုဝန်ကြီးများ၊  ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်      ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  တောင်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊      ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်    တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု
အခြေအနေများအား ရှင်းလင်းတင်ပြ
ဦးစွာ       ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာ အချက်အလက်များ၊ သီးနှံများ စိုက်ပျိုးလျက်ရှိမှုနှင့်      သီးထပ်သီးနှံစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိမှု၊   စပါးထွက်ရှိမှုနှင့် ဒေသဝမ်းစာဖူလုံမှု၊ ဆီထွက်သီးနှံနှင့်  ပဲမျိုးစုံ စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိမှု၊  စက်မှုကုန်ကြမ်းသီးနှံနှစ်အလိုက် စိုက်ပျိုးလျက်ရှိမှု၊ ဝါသီးနှံစိုက်ပျိုးမှု၊  ရေအရင်းအမြစ် များရရှိမှုနှင့်    ထိန်းသိမ်းထားရှိမှု၊    စိုက်ပျိုးရေး အထောက်အကူပြုပစ္စည်း ကိရိယာများ  ဖြန့်ဝေပေး လျက်ရှိမှု၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး (၂)သီးမှ (၃)သီး  သီးထွက်စွမ်းအား  တိုးမြှင့်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိမှု၊  မွေးမြူရေးလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေး၊   ပညာရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍    အထွက်နှုန်းများ ပိုမိုတိုးတက်စေရေး  ဆောင်ရွက်သွားရန်လိုကြောင်း၊ ထွက်ရှိလာသည့် ဆန်၊ စပါးများကို ပြည်ပဈေးကွက် သို့    တင်ပို့နိုင်သည့်    အရည်အသွေးရရှိသည်အထိ သုသေသနပြု ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊  ဒေသတွင်း  စားသုံးဆီဖူလုံမှုကို  အထောက်အကူပြု စေရန်အတွက် ဆီထွက်သီးနှံတစ်ခုဖြစ်သည့် နေကြာ စိုက်ပျိုးမှုများကိုလည်း    တိုးချဲ့ဆောင်ရွက်သွားရန် လိုကြောင်းနှင့်  အခြားလိုအပ်သည်များကို ဆွေးနွေး မှာကြားသည်။
နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က   မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲခဲ့မှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  မဲမသမာမှုများဖြစ် ပေါ်ခဲ့သည့်    အခြေအနေများနှင့်    မဲမသမာမှုများကို တာဝန်ရှိသူများက  ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိ ခဲ့သည့်အခြေအနေများ၊  နိုင်ငံတော်တွင် ဖြစ်ပေါ်လာ ခဲ့သည့်   အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေး အရအရေးပေါ်အခြေအနေကြေညာခဲ့ပြီး  တပ်မတော် မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေ များ၊  ကိုဗစ်-၁၉ ရောဂါကြောင့်  ဖြစ်ပေါ်ခဲ့ရသည့် အကျပ်အတည်းများနှင့်    နိုင်ငံရေးအမြတ်ထုတ်လို သူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်  ဖြစ်ပေါ်ခဲ့ သည့် အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို  ဥပဒေနှင့် အညီ  ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့မှု  အခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေ ဖြင့်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်  တည်ငြိမ်အေးချမ်းရေး တို့အတွက် မူဝါဒများ၊  ဦးတည်ချက်များ  ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု    အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
လွတ်လပ်၍တရားမျှတသည့်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာ ကျင်းပနိုင်ရေး
ယင်းနောက်    မိမိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို    သင်ခန်းစာယူပြီး လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ  မှန်ကန်မှုရှိစေရေး အတွက်    မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း  စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း၊   မဲစာရင်းအချက် အလက်များ      မှန်ကန်မှုရှိစေရေး     လာမည့် အောက်တိုဘာလတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊      ထို့ကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍    သန်းခေါင် စာရင်းကောက်ယူရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရာနှုန်းပြည့်ကောက်ယူနိုင်ရေး    ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စာရင်းဇယားများ မှန်ကန်စွာရရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကို စည်းစနစ်ကျနမှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲ မှ ထွက်ပေါ်လာသည့်အစိုးရကို  နိုင်ငံတော်တာဝန် များ    လွှဲအပ်နိုင်ရေး   ဆက်လက်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊    သိက္ခာရှိသည့်  ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေးကျင်းပနိုင် ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊    လွှတ်တော် အသီးသီးတွင်  အစည်းအဝေး အထမြောက်စေရေး၊ သိက္ခာရှိသည့်လွှတ်တော်အစည်းအဝေးဖြစ်စေရေးနှင့်       သတ်မှတ်ကိုယ်စားလှယ်များ     ရွေးချယ် တက်ရောက်နိုင်ရေး     ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ အဆိုပါ  လွှတ်တော်များတွင် သက်ဆိုင်ရာ ဒေသအလိုက် ပါဝင်သင့်သူများပါဝင်မှသာ လွှတ်တော် အတွင်း      ကိုယ်စားပြုမှုများမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏   နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေ အနေများနှင့် လွတ်လပ်၍တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ     အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို   သိရှိနိုင်ရန်    ပြောကြားရခြင်း ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး
နိုင်ငံတော်၏         စီးပွားရေးဆိုင်ရာများနှင့် ပတ်သက်၍    မိမိတို့စတင်တာဝန်ထမ်းဆောင်ချိန် တွင်  အနောက်နိုင်ငံများအနေဖြင့် စီးပွားရေးပိတ်ဆို့မှု များကို  လုပ်ဆောင်ခဲ့ကြောင်း၊ အထောက်အပံ့များ ပေးအပ်မှုကိုလည်း    လျှော့ချခဲ့ကြောင်း၊     ထိုသို့ စီးပွားရေးအရ  ပိတ်ဆို့မှုများကြောင့်  မိမိတို့နိုင်ငံပိုင် နိုင်ငံခြားငွေများ သုံးစွဲမှုမပြုနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်  ကုန်သွယ်မှုများမှရရှိသည့်ငွေများကို အဓိကထား သုံးစွဲနေရခြင်းဖြစ်ကြောင်း၊  ယခင်က ပြည်ပမှဝင်နေသည့်     ဝင်ငွေများကို    ပြန်လည်စိစစ် ခဲ့ရာတွင်   ချေးငွေများ၊ ထောက်ပံ့ငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြစ်သည်ကို       တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပချေးငွေများကို တတ်နိုင်သမျှ ပြန်လည်ပေးဆပ်ရလျက်ရှိကြောင်း၊   အဓိကအား ဖြင့်      ကုန်သွယ်မှုများ     ဆောင်ရွက်နိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့     တင်ပို့နိုင်ရန်အတွက်     အရည်အသွေး ကောင်းမွန်အောင်     ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပသို့ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်မှသာ နိုင်ငံခြား ငွေများတိုးတက်ရရှိပြီး  နိုင်ငံ့စီးပွားရေး   တိုးတက် လာမည်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားတိုးတက်ရေးနှင့်  ထုတ်ကုန်ပစ္စည်း များ တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံ၏ အဓိကစီးပွားရေး
လုပ်ငန်းများဖြစ်သည့်        စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်   ကုန်ထုတ်လုပ်ငန်းများကို   အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊    စိုက်ပျိုးရေးနှင့် ပတ်သက်၍    သီးနှံများ     ဖြစ်ထွန်းအောင်မြင်ပြီး အထွက်နှုန်းကောင်းမွန်စေရေး  မျိုး၊  မြေ၊  ရေ၊  နည်း ဟူသည့်  နည်းလမ်း  (၄)  ဖြင့်  ဆောင်ရွက်သွားရန် လိုကြောင်း၊ အထွက်နှုန်းများ တိုးတက်လာမည်ဆိုပါက စိုက်ပျိုးရေးတောင်သူများ      ဝင်ငွေပိုမိုရရှိလာမည် ဖြစ်ကြောင်း၊   ထိုမှတစ်ဆင့်    နိုင်ငံအတွက်လည်း ဝင်ငွေများရရှိပြီး နိုင်ငံ့စီးပွားရေးကို အထောက်အကူပြု စေမည်ဖြစ်ကြောင်း။
ပဲခူးတိုင်းဒေသကြီးအနေဖြင့်လည်း  စိုက်ပျိုးရေး နှင့်       မွေးမြူရေးလုပ်ငန်းများကို     အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊   စက်မှုလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်အောင်    ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် ရော်ဘာ၊  ကော်ဖီ၊  ကြံ၊  ဝါနှင့်   လက်ဖက်တို့ကိုလည်း တိုးချဲ့ စိုက်ပျိုးစေလိုကြောင်း။
နိုင်ငံတော်၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပါက နိုင်ငံသူ၊   နိုင်ငံသားတို့၏  လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ     သာယာဝပြောမှု ရှိလာမည်ဖြစ်ကြောင်း၊  စီးပွားရေးအားကောင်းလာ မည်ဆိုပါက နိုင်ငံတိုးတက်ရေးအတွက်  ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့်   နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏  စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့ဝန်ထမ်း များနှင့်ပတ်သက်၍  စဉ်းစားဆောင်ရွက်ပေးလျက် ရှိပြီး နိုင်ငံ့ဝန်ထမ်းများအတွက်  ထောက်ပံ့ကြေးများ တိုးပေးခြင်းနှင့်  သက်စွန့်ဆံဖျား  တာဝန်ထမ်းဆောင် လျက်ရှိသည့်   တပ်မတော်သားများ၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်    မီးသတ်တပ်ဖွဲ့ဝင်များအတွက် လည်း ထိုက်သင့်သည့် ထောက်ပံ့မှုများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သင်ကြားရေးနှင့်ပတ်သက်သည့် ဆရာ၊ ဆရာမများကိုလည်း  ဘွဲ့များအလိုက် ချီးမြှင့် ငွေများပေးအပ်ခဲ့ကြောင်း။
ပညာရေးနှင့် ကျန်းမာရေး
ပညာသင်ကြားရေးနှင့်ပတ်သက်၍   မိမိတို့နိုင်ငံ တွင်   ဆရာ၊  ဆရာမ  များစွာလိုအပ်နေဆဲဖြစ်ပြီး နိုင်ငံတော်အနေဖြင့်  တတ်နိုင်သရွေ့   ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ ပညာရေး ကဏ္ဍမြှင့်တင်နိုင်ရေးအတွက်    ကျောင်းနေအရွယ် ကလေးများအားလုံး     ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တန်းစဉ်ကူးပြောင်း မှု ရာခိုင်နှုန်းများလည်း  ကောင်းမွန်နေရန်လိုကြောင်း၊ ပညာရည်သင်ကြားနိုင်ရန်အတွက် တည်ငြိမ်အေးချမ်း မှုရှိရန်နှင့်   စီးပွားရေးကောင်းမွန်ရန်လည်း    လိုအပ် မည်ဖြစ်သဖြင့်   တိုင်းဒေသကြီးအနေဖြင့်    ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ် နှင့်  အခြားအကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ် ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် လည်း   ကျောင်းသားများ   အမှန်တကယ်   ပညာ တတ်မြောက်စေရေး  အချိန်ပိုများဖြင့် သင်ကြားပေး သွားရန်လိုကြောင်း။
ဆရာ၊  ဆရာမများအနေဖြင့် ကျောင်းသားများ အမှန်တကယ်စာတတ်မြောက်အောင်  သင်ကြားပေး လိုသည့်စိတ်ရှိရန်လိုကြောင်း၊       ပညာရေးသည် နိုင်ငံ၏    အနာဂတ်ပင်ဖြစ်ပြီး    ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်  လျှောက်လှမ်းရာတွင် ပညာတတ် များ ပေါများကြွယ်ဝရန်လိုကြောင်း၊  ပညာတတ်များ ပေါကြွယ်ဝမှသာ   အသိပညာ၊   အတတ်ပညာများ ရရှိပြီး စီးပွားရေးများကို တိုးတက်အောင်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊  အသိပညာ၊  အတတ်ပညာများ ရရှိရန်အတွက်     အတန်းပညာကောင်းမွန်အောင် မိမိတို့အနေဖြင့်        အားပေးဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ နိုင်ငံသားများအနေဖြင့်  စီးပွားရေးအခြေခံ များရရှိစေရန်အတွက် တက္ကသိုလ်များတွင် စီးပွားရေး ပညာရပ်များကို     သင်ကြားပေးလျက်ရှိသကဲ့သို့ ဒီမိုကရေစီကို       သိရှိနားလည်နိုင်ရန်အတွက် တက္ကသိုလ်များတွင် ဥပဒေပညာရပ်များကို သင်ကြား ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အတွက်  လုပ်ငန်း တာဝန်များကို စနစ်တကျဖြင့် ကျေပွန်စွာထမ်းဆောင် နိုင်ရန်အတွက်    ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည်   ရေခံမြေခံကောင်းမွန်သည့် တိုင်းဒေသကြီးဖြစ်ပြီး    အသိပညာ   အတတ်ပညာ ပြည့်ဝသည့်     လူငယ်များ     မွေးထုတ်နိုင်မည် ဆိုပါက    ယခုထက်   ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍     ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်ဟူသည့်  မူဝါဒနှင့်အညီ ဆရာဝန်များ အား  ခန့်အပ်တာဝန်ပေးထားကြောင်း၊  နိုင်ငံအဝန်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက်   နိုင်ငံတော်အနေဖြင့်  ကျန်းမာရေး ဝန်ထမ်းများ    စဉ်ဆက်မပြတ်   ခန့်အပ်ပေးလျက်ရှိ ကြောင်း၊ နိုင်ငံတော်မှ  ထိုသို့  ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေး အသိပညာများရှိရန်လိုပြီး ကျန်းမာရေးနှင့်လျော်ညီ သည့်    နေထိုင်စားသောက်မှုများရှိရန်  လိုကြောင်း၊ လူတစ်ဦးတစ်ယောက်  ကျန်းမာရေးထိခိုက်လာမည် ဆိုပါက     ကာယကံရှင်ကိုယ်တိုင်သာမက    ၎င်း၏ ပတ်ဝန်းကျင်၊  အဖွဲ့အစည်းနှင့်  မိသားစု၏ အကျိုး စီးပွားကိုပါ    ထိခိုက်စေနိုင်ကြောင်း၊     ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊   ကျန်းမာမှ   ပညာသင်ကြားနိုင် မည်ဖြစ်သဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ဂရုစိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊     ကျန်းမာရေးနှင့် ဆက်စပ်၍ အားကစားကဏ္ဍ  တိုးတက်မှုရှိစေရေး အတွက်လည်း  တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေရေး၊ စိတ်ဓာတ်ကောင်းမွန်စေရေး၊ အားကစားနည်းအလိုက်  နည်းစနစ်ပိုင်းဆိုင်ရာများ ကျွမ်းကျင်မှုရှိစေရေး  ဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊  မျိုးချစ်စိတ် များ  ရှင်သန်ထက်မြက်ရေးတို့အတွက်  အားကစား ကဏ္ဍကို    မြှင့်တင်ခြင်းဖြင့်   ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး
တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍    မိမိတို့ အနေဖြင့်  ပြည်သူ့လုံခြုံရေးကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံ ရပ်မိ၊ ရပ်ဖများ၊    ရဲတပ်ဖွဲ့ဝင်များ၊  အထွေထွေအုပ်ချုပ် ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
အုပ်ချုပ်ရေးမှူးအဆင့်ဆင့်တွင်လည်း  ဒေသအကျိုး အတွက်  အမှန်တကယ် တာဝန်ထမ်းဆောင်လိုသည့် သူများကိုသာ       တာဝန်ပေးအပ်ရန်လိုကြောင်း၊ အုပ်ချုပ်ရေးမှူးများနှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည်   ပြည်သူများနှင့်   မြေပြင်၌    အမှန်တကယ် ထိတွေ့နေသူများဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ များအပေါ်    ကောင်းမွန်စွာ  ဆက်ဆံဆောင်ရွက်ရန် လိုကြောင်း၊   အဆင့်ဆင့်သတင်းပေးသည့်စနစ်ကို ဖော်ဆောင်၍  ဒေသအတွက်  ကောင်းရာကောင်းကျိုး ဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့များပူးပေါင်း၍         ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊     အဆင့်ဆင့် သတင်းပေးသည့်စနစ်ကိုကျင့်သုံးပါက  အမှုအခင်း များလည်း  များစွာလျော့နည်းသွားမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းကို ကျေးလက် များအထိ ထိထိရောက်ရောက်  ဆောင်ရွက်နိုင်မည် ဆိုပါက     သန်းခေါင်စာရင်းကောက်ယူမှုများနှင့် ရွေးကောက်ပွဲကျင်းပမှုများကို များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့် ပဲခူးတိုင်းဒေသ ကြီးအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့်   လုံခြုံရေး ကဏ္ဍကို  အလေးထားဆောင်ရွက်သွားရန် မှာကြား လိုကြောင်း၊   မိမိအနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး  စသည်တို့ နှင့်ပတ်သက်၍  နိုင်ငံတော်တွင်  ဖြစ်ပေါ်နေမှုများ၊ နိုင်ငံတော် အစိုးရ၏ မျှော်မှန်းဆောင်ရွက်နေမှုများကို   တိုင်းဒေသကြီးအစိုးရအဖွဲ့မှ   တာဝန်ရှိသူများ အနေဖြင့်  သိရှိနိုင်ရေး   ယခုကဲ့သို့     အချိန်ယူကာ ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ် ကြောင်းနှင့်  မိမိတို့တာဝန်ကျရာ  တိုင်းဒေသကြီးမှ တစ်ဆင့်   နိုင်ငံတော်ကြီး     ဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသရွေ့    ကြိုးပမ်းဆောင်ရွက်သွားကြရန်    တိုက်တွန်းမှာကြားလိုကြောင်းဖြင့်  ပြောကြားသည်။
နန်းတော်အတွင်း ပြုပြင်ထိန်းသိမ်းခြင်း
လှည့်လည်ကြည့်ရှုစစ်ဆေး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့  ကမ္ဘောဇသာဒီရွှေနန်းတော်သို့  ရောက်ရှိကြ ပြီး ရွှေနန်းတော်အတွင်း ယခင်မြေနန်းပြာသာဒ်ဆောင် နေရာမှ တူးဖော်ရရှိသည့်  ကျွန်းတိုင်များ ပြသထား ရှိမှု၊  နန်းတော်အတွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များ    ဆောင်ရွက်လျက်ရှိမှု     အခြေအနေများနှင့် နန်းတော်အတွင်း   လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏  တင်ပြချက်များအပေါ်   ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို  ဆောင်ရွက်ရာတွင် အဆင့်ဆင့် အသေးစိတ်ပြင်ဆင်ဆောင်ရွက်သွားရန် လိုကြောင်း၊ နန်းတော်အတွင်း  အမြဲသန့်ရှင်းသပ်ရပ် စေရေး   ဆောင်ရွက်နေရန်လိုကြောင်း၊   ရှေးခေတ် အသုံးအဆောင်ပစ္စည်းများအား ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းပြသထားရန်လိုကြောင်း၊   နန်းတော်ဝင်း အတွင်း လမ်းများကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကိုလည်း    ဆောင်ရွက်ရန်လိုကြောင်း၊ ရေဝပ်ဧရိယာများ     မရှိစေရေးဆောင်ရွက်ရန်နှင့် ရေနုတ်မြောင်းများ     တူးဖော်ခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားရန်လိုကြောင်း၊     နန်းတော်ကြီး ရေရှည်တည်တံ့နေစေရေး     ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဖြင့်  ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။
မူလပုံစံအတိုင်း
တည်ဆောက်သွားနိုင်ရန်လို
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟံသာဝတီနေပြည်တော်၊ သာယာဝတီတံခါးအနီးရှိ  ဟံသာဝတီမြို့ဟောင်း ကျုံးနှင့် မြို့ရိုးနေရာတို့အားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ်   ကျုံးအား     ရေရှည်တည်တံ့စေရေး ဆောင်ရွက်ရန်လိုကြောင်း၊     မြို့ရိုးနေရာများအား ပြန်လည်တူးဖော်၍   မြို့ရိုးပြန်လည်တည်ဆောက် သွားရန်နှင့်   တည်ဆောက်ချိန်တွင်လည်း   လိုအပ် သည့်အချက်အလက်များနှင့် အထောက်အထားများ ပြည့်စုံအောင်       ပြုစုဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်တည်ဆောက်ရာတွင်လည်း ရှေးမူမပျက်  မူလပုံစံအတိုင်း တည်ဆောက်သွားနိုင်ရန်လိုကြောင်း နှင့်     အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။                              သတင်းစဉ်