
ပဲခူး ဇွန် ၁၁
ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ လစဉ်စာဖတ်ရှိန် မြှင့်တင် ရေးနှင့် အသိပညာပေးဟောပြော ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက် နံနက်က ကျင်းပရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ရန် အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ စာအုပ် စာပေ ဖတ်ရှုမှုသည် မိမိတို့ဘဝကို အကျိုး ပြုနိုင်သည့်အတွက် လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်မည့် စာအုပ်စာပေများကို ရွေးချယ် ဖတ်ရှုရန်လိုအပ်ပြီး စာကြည့် တိုက်များဖွင့်လှစ်ပေးခြင်း၊ အဆင့် မြှင့်တင်ပေးခြင်းကို ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ ထူးချွန် သော လူငယ်များ ဖြစ်စေရန် အမြော်အမြင်ရှိခြင်း၊ မေတ္တာ တရားရှိခြင်း၊ သတ္တိရှိခြင်း၊ အပြု သဘောမျိုးဆောင်ခြင်း၊ တီထွင် ဖန်တီးလိုစိတ်ရှိခြင်း၊ ဇွဲလုံ့လရှိ ခြင်းနှင့် စိတ်အားထက်သန်မှု ရှိခြင်း စသည့် အချက် (၇) ချက်နှင့် ပြုမူနေထိုင်သွားကြရန် လိုအပ် ပြီး ကျောင်းစာတွင်မကဘဲ ဗလ ငါးတန်နှင့် ပြည့်စုံသော ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစား ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် အမှတ်(၃)အခြေခံ ပညာကျောင်းသား ကျောင်းသူများ က “ပညာဘဏ်တိုက် စာကြည့် တိုက်” သီချင်းဖြင့်လည်းကောင်း၊ ပဲခူးတက္ကသိုလ် ကျောင်းသူလေး များက “မြန်မာမလေးပါရှင့်” သီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိ ပညာပေးဟောပြောပွဲတွင် တက် ရောက်ဟောပြောသည့် မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ၊ တစ်သက်တာ စာပေဆုရှင် အလင်္ကာကျော်စွာ စာရေးဆရာ မြင်းမူ မောင်နိုင်မိုး နှင့် ပဲခူးမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌ အမျိုးသားစာပေ ဆုရှင် ဝတ်ရည်ခင် (ပဲခူး) တို့အား ဂုဏ်ပြုလက်ဆောင်များကို လည်း ကောင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည့် ကျောင်း သား ကျောင်းသူများအား ဂုဏ်ပြု ငွေများကို လည်းကောင်း ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတက္ကသိုလ် စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး နှင့် စာအုပ်စာပေများ ဝယ်ယူနိုင် ရေး ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ တစ်သက်တာ စာပေဆုရှင် အလင်္ကာကျော်စွာ စာရေးဆရာ မြင်းမူမောင်နိုင်မိုးက ပဲခူး တက္ကသိုလ် စာကြည့်တိုက်အတွက် စာအုပ်များကို ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်အေးအေးခိုင်ထံ ပေးအပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် သုတ/ရသစာပေများကို လှည့်လည် ကြည့်ရှုအားပေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ စာရေးဆရာ မြင်းမူ မောင်နိုင်မိုးက “ဘဝထဲက စာပေ၊ စာပေထဲက ဘဝ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ အမျိုးသားစာပေဆုရှင် ဝတ်ရည်ခင် (ပဲခူး) က “မျိုးဆက် သစ်လူငယ်တို့ အနာဂတ်လှပဖို့” ခေါင်းစဉ်ဖြင့် ဟောပြောကြပြီး ကျောင်းသား ကျောင်းသူများနှင့် ဉာဏ်စမ်းပဟေဠိမေးခွန်း မေးမြန်း ခြင်း၊ ဖြေဆိုခြင်း ဆုချီးမြှင့်ခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)