ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSMEs ထုတ်ကုန်များ အရောင်းစင်တာဖွင့်ပွဲကျင်းပ

 

ပဲခူး  အောက်တိုဘာ  ၁၉


ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အောက်တိုဘာ ၁၉ ရက်   နံနက်က ပဲခူးမြို့ ဥဿာ သီရိဈေးအပေါ်ထပ်၌    MSMEs  ထုတ်ကုန်များ   အရောင်းစင်တာ    ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။


 ရှေးဦးစွာ   ပဲခူးတိုင်းဒေသ ကြီး   MSMEs    ထုတ်ကုန်များ အရောင်းစင်တာကို   တိုင်းဒေသ ကြီး   ဝန်ကြီးချုပ်     ဦးမျိုးဆွေဝင်း နှင့် တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦးတို့က      ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက်   တိုင်းဒေသကြီး     ဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်းနှင့် ဇနီး၊   တိုင်းဒေသကြီး  တရား လွှတ်တော်        တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့်  တိုင်း‌ ဒေသကြီးဝန်ကြီးတို့က   MSMEs    ထုတ်ကုန်    အရောင်းဆိုင်များကိုကြည့်ရှုအားပေးသည်။


          အဆိုပါ  MSMEs ထုတ်ကုန်များ အရောင်းစင်တာတွင်  ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ  မြို့နယ် ၂၈ မြို့နယ်မှ ထွက်ရှိလာသည့် ဒေသ ထွက် စားသုံးကုန်များ၊ လူသုံးကုန် များ၊ တိုင်းရင်းဆေးဝါးများ၊ စားဖို ဆောင်သုံးပစ္စည်းများ၊ လယ်ယာ သုံးကိရိယာများ    ပစ္စည်းအမျိုး ပေါင်း    ၈၀   ကျော်ကို    ဆိုင်ခန်း ပေါင်း ၃၇  ခန်းဖြင့်     ပင်ရင်းဈေး အတိုင်း နေ့စဉ်ရောင်းချပေးသွား မည်ဖြစ်ကာ ဖွင့်ပွဲနေ့တွင် ဒေသခံ ပြည်သူများ၊   တရုတ်နိုင်ငံသား ခရီးသွားများ၊    ဂျပန်နိုင်ငံသား ခရီးသွားများနှင့်   ရုရှားနိုင်ငံသား ခရီးသွားများ လာရောက်လေ့လာ ဝယ်ယူခဲ့ကြပြီး      မြို့နယ်အလိုက် ဒေသထွက်ကုန်များကို တစ်နေရာ    တည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း နှင့်   MSMEs    ထုတ်ကုန်များ   အရောင်းစင်တာများကို         ခရိုင် မြို့များတွင်    ထပ်မံဖွင့်လှစ်ပေး မည်ဖြစ်ကြောင်း သိရသည်။ 


တိုင်းဒေသကြီး(ပြန်/ဆက်)