ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

 

ပဲခူး   ဇွန်   ၈

 

၂၀၂၂  ခုနှစ်   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ၂၈  မြို့နယ် အသက်    ၁၉     နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ယနေ့ညနေပိုင်းတွင်   ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက် တက် ဘောလုံးကွင်း၌    ကျင်းပသည်။ 

 


ဦးစွာ    ဝေါမြို့နယ်ဘောလုံး အသင်းနှင့်  လက်ပံတန်းမြို့နယ် ဘောလုံးအသင်းတို့     ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြသည်။


ထို့နောက်   ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ    ပွဲစဉ် တစ်လျှောက်  အကောင်းဆုံး  ဂိုး သမားဆု၊ နောက်တန်းအကောင်း ဆုံးဆု၊   အလယ်တန်းအကောင်း ဆုံးဆု၊   ရှေ့တန်းအကောင်းဆုံး ဆုနှင့်  အကောင်းဆုံး  ဘောလုံး သမားဆုရရှိသူများအား    ဆု တံဆိပ်နှင့်      ငွေသားဆုများကို တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး နှင့်    သယံဇာတရေးရာဝန်ကြီး တို့ကလည်းကောင်း၊     စတုတ္ထ ဆုရရှိသော    တောင်ငူမြို့နယ် အသင်းကို တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီးကလည်းကောင်း၊ တတိယဆုရရှိသော    သနပ်ပင် မြို့နယ်အသင်းအား လုံခြုံရေးနှင့် နယ်စပ်ရေးရာ  ဝန်ကြီးကလည်း ကောင်း၊      ဒုတိယဆုရရှိသော ဝေါမြို့နယ်အသင်းတို့ကို   တရား လွှတ်တော်  တရားသူကြီးချုပ်က လည်းကောင်း     တစ်ဦးချင်း ဆုတံဆိပ်နှင့်   ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးကြသည်။

 


ယင်းနောက် ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ဒိုင်အဖွဲ့များနှင့် ကြက်ခြေနီအဖွဲ့ တို့ကို   ဂုဏ်ပြုဆုငွေနှင့်  ပထမဆု ရရှိသွားသော လက်ပံတန်းမြို့နယ် အသင်းအား     တစ်ဦးချင်း     ဆု တံဆိပ်၊    ပထမဆုဖလားနှင့် ငွေသားဆု  ကျပ်   ၁၀   သိန်းကို ပေးအပ်ချီးမြှင့်သည်။

 


ပဲခူးတိုင်းဒေသကြီး  ဝန်ကြီး ချုပ်ဖလား ၂၈ မြို့နယ် အသက် ၁၉   နှစ်အောက်   အမျိုးသား ဘောလုံးပြိုင်ပွဲကို တိုင်းဒေသကြီး အတွင်းရှိ   ခရိုင်   ၄   ခရိုင် ဘောလုံးအားကစားကွင်းများ၌ ဇုန် လေးဇုန်ခွဲ၍   ပထမအဆင့် အုပ်စုပွဲစဉ်များကို မေ ၂၀ ရက်မှ   ၂၇    ရက်အထိလည်းကောင်း၊ ဒုတိယအဆင့်အုပ်စုပွဲစဉ်၊ ဆီမီး ဖိုင်နယ်နှင့်   ဗိုလ်လုပွဲစဉ်များကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်း၌ မေ ၃၀  ရက်မှ  ဇွန်  ၈  ရက်အထိ လည်းကောင်း      ယှဉ်ပြိုင် ကစားခဲ့ကြခြင်းဖြစ်ပြီး   အဆိုပါ မြို့နယ်များမှ     ထူးချွန်သော ဘောလုံးအားကစားသမားများကို ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံးအသင်းအဖြစ် ရွေးချယ် ဖွဲ့စည်းပြီး   နေပြည်တော်တွင် ကျင်းပမည့်  ၂၀၂၂   ခုနှစ်    တိုင်း ဒေသကြီးနှင့်ပြည်နယ်     U-19 အမျိုးသား    ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်