ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

 

သနပ်ပင်   ဇွန်   ၇
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်   တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်ပိုင်း တွင် အခြေခံပညာအထက်တန်းကျောင်း(သနပ်ပင်)သို့   ရောက်ရှိ ပြီး တိုင်းဒေသကြီးအစိုးရ ခွင့်ပြု ရန်ပုံငွေဖြင့်    ကျောင်းအတွင်း ရေဝင်ရောက်မှု ကာကွယ်ရန်မြေဖို့ ဆောင်ရွက်ပြီးစီးမှု၊ အသက် ၅ နှစ် မှ    ၁၂ နှစ်အထိ    ကျောင်းသား ကျောင်းသူ   ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုနှင့်  ပျော်ရွှင်အေးချမ်း စွာ   ပညာသင်ကြားနေမှုများကို  ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံ ရေး အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားကာ အားကစား  အထောက်အကူပြု ပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်း များနှင့်         မွမ်းမံသင်တန်း တက်ရောက်နေသော   သစ်လွင် ဆရာ      ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်      သနပ်ပင် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ သွားရောက်ပြီး ငါးကြင်း၊ ငါးမုတ်၊ ငါးသိုင်း၊        ငါးဖယ်အောင်း၊ တောင်ပေါ်     ငါးသလောက်နှင့် ငါးခုံးမကြီးများ    မျိုးငါးမွေးမြူ ထားရှိမှုနှင့်   ငါးသားပေါက်များ မွေးမြူထားရှိမှုကို လည်းကောင်း၊  (ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်) လမ်းပေါ်ရှိ      မြို့တွင်းတံတား တည်ဆောက်နေမှုကို    လည်း ကောင်း၊   သနပ်ပင်မြို့  ဈေးပိုင်း ရပ်ကွက်နေ  ဦးမောင်၏ နေအိမ်  ၌     ဇီဝဇိုးငှက်    သဘာဝအတိုင်း မွေးမြူထားရှိမှုကို လည်းကောင်း၊  သနပ်ပင်မြို့အဝင် ဘုရားကြီးပိုင်း ကန်ညီနောင်၌ မိုးရာသီ သစ်ပင် စိုက်ပျိုးနေမှုကို  လည်းကောင်း၊ ပဲခူးမြို့   ဟင်္သာကုန်း  ဓာတ်လှေ ကားတည်ဆောက်နေမှု၊ ပဲခူးမြို့မ ဈေး    နှစ်ထပ်ဆောင်နှင့်    ဗဟို ကုန်စိမ်းသားငါးဈေးသို့  လည်း ကောင်း   ကြည့်ရှုအားပေးပြီး    တာဝန်ရှိသူများအား    လိုအပ်သည် များ မှာကြားသည်။ 
သတင်းစဉ်