
ပဲခူး ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် အတူ ဩဂုတ် ၅ ရက် မွန်းလွဲပိုင်းက ပဲခူး မြို့နယ်ရှိ အမှတ်(၁) အင်အားဖြည့်တင်း ရေးနှင့် ပြန်လည်နေရာချထားရေးတပ်သို့ ရောက်ရှိခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အမှတ်(၁) အင်အားဖြည့်တင်းရေးနှင့် ပြန်လည် နေရာချထားရေးတပ် ဧည့်ခန်းမသို့ ရောက်ရှိခဲ့ရာ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သန်းထွဋ်အောင်က စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် တပ်ရင်း တပ်ဖွဲ့များသို့ ဖြန့်ခွဲပေးနေမှု အခြေအနေ များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီး ဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် အမှတ်(၁) အင်အားဖြည့်တင်းရေးနှင့် ပြန်လည် နေရာချထားရေးတပ်အတွင်းရှိ နို့ပေါင်း၊ ဒိန်ချဉ်ထုတ်လုပ်ရေးအလုပ်ရုံ၊ Hand Gel ထုတ်လုပ်ရေးအလုပ်ရုံ၊ ဖယောင်းတိုင် နှင့် ဆပ်ပြာထုတ်လုပ်ရေးအလုပ်ရုံ၊ DYL မျိုးဝက်မွေးမြူရေးခြံ၊ အစာစပ်စက်ရုံ၊ မျိုးစေ့ထုတ်စက်ရုံ၊ နို့စားနွားမွေးမြူရေးခြံ၊ ဥစားကြက်မွေးမြူရေးခြံ၊ စင်ထောင်သီးနှံ စိုက်ခင်းတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံး ပြုနိုင်ရန် PPE Level(2) အပြာ အထည် ၁၀၀ အား အမှတ်(၁) အင်အားဖြည့်တင်း ရေးနှင့် ပြန်လည်နေရာချထားရေးတပ် တပ်ရင်းမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
တင်စိုး(ပဲခူး)