
ပဲခူး ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံများမှ အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။
အပြည်အဝထိုးနှံရေး
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူး မြို့နယ် စက်မှုဇုန်နယ်မြေအတွင်း ရှိ စိန်ဟင်္သာစားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံ၌ အလုပ် သမားဦးရေ ၁၅၀၊ Gread Men and Bell Mart အထည်ချုပ် စက်ရုံရှိ အလုပ်သမားဦးရေ ၂၀၀ ခန့်နှင့် PungKook လက်ကိုင် အိတ်နှင့် ကျောပိုးအိတ် ထုတ်လုပ် သည့် စက်ရုံရှိ အလုပ်သမားဦးရေ ၁၅၀၀တို့အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံပေး နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ရာ ကာကွယ်ဆေး ထိုးနှံသည့် စုရပ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် စည်းကမ်းချက် များအတိုင်း လိုက်နာနိုင်ရေးနှင့် စက်ရုံ/အလုပ်ရုံ အလုပ်သမား များသည် စီးပွားကုန်ထုတ် လုပ်ငန်းများ၏ အဓိကကျသည့် အုပ်စုဖြစ်သဖြင့် ကာကွယ်ဆေး ရရှိသည့် အရေအတွက်အတိုင်း အပြည့်အဝထိုးနှံ ပေးနိုင်စေရေး နှင့် သတ်မှတ်ရက်အလိုက် ကာကွယ်ဆေးထိုးနှံရန် ရေးဆွဲ ထားသည့် စက်ရုံစုရပ်များကို အချိန်နှင့်တစ်ပြေးညီ ထိုးနှံပေး သွားရန် မှာကြားသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူး တက္ကသိုလ်ဆေးရုံ၌ အောက်ဆီဂျင် လိုအပ်သော ကိုဗစ်- ၁၉ ရောဂါ ပြင်းထန်လူနာ ၆၁ဦး တက်ရောက် ကုသနိုင်ရန် အောက်ဆီဂျင် ပိုက်လိုင်းများ သွယ်တန်းပြီးစီး မှုနှင့် Flow Meter ၆၁ခု တပ်ဆင် ပြီးစီးမှု အခြေအနေကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာများ မရောက်ရှိမီ ဆေးရုံသန့်ရှင်းရေး အပြီးသတ် ဆောင်ရွက်သွားရန်နှင့် ကိုဗစ်-၁၉ ရောဂါ လူနာများတွက် အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေး အောက်ဆီဂျင်အိုးများ သယ်ယူ/ ပို့ဆောင်မည့် မော်တော် ယာဉ် တစ်စီး စီစဉ်ပေးခဲ့ပြီး Oxygen Concentrator လေးလုံး အား ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်သို့ လည်း ကောင်း၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ ဝန်ထမ်းများအတွက် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တိုးချဲ့လူနာဆောင်
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့ အထွေထွေ ရောဂါကုဆေးရုံကြီး အနီးရှိ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ရုံး ဟောင်းကို ရောက်ရှိခဲ့ပြီး ယင်း အဆောက်အအုံအား တိုးချဲ့လူနာ ဆောင်အဖြစ် ဆောင်ရွက်နိုင်ရေး နှင့် ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးဝင်းအတွင်းရှိ ဂျိုးသိန်း နှစ်ထပ် လူနာဆောင်ကို အောက်ဆီဂျင် ပိုက်လိုင်း အခု ၄၀၊ Flow Meter အခု ၄၀ တပ်ဆင် နိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)