
နေပြည်တော် ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့ နယ် ဇရပ်ကြီးမြို့ရှိ နယ်မြေခံ တပ်ရင်းအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ က ယနေ့နံနက် ၄ နာရီခန့် တွင် တပ်ရင်း၏မြောက်ဘက်၊ အနောက်ဘက်နှင့် တောင်ဘက် တို့မှနေ၍ Drop Bomb များ၊ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်း ဖြင့် တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်း တွင် မြို့ဆိုးတံတားလုံခြုံရေး စခန်းနှင့် နှစ်တန့်ကူးတံတားလုံခြုံ ရေးစခန်းများအား တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုများဖြစ်ပွား ချိန်တွင် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ ရဲမေများက ရွပ်ရွပ်ချွံချွံ ပြန်လည်တွန်းလှန် တိုက်ခိုက်ခဲ့သည့်အပြင် တိုက်ခိုက် ခံရသည်နှင့် တစ်ပြိုင်နက် တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများကို ဟန်ချက်ညီစွာဖြင့် ပစ်ကူပေး ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ ပြီး မွန်းလွဲပိုင်းတွင် စစ်ကူ စစ်ကြောင်းများက တိုက်ခိုက်ခံ ရသည့် တပ်ရင်းဌာနချုပ်သို့ သွားရောက်ပူးပေါင်းနိုင်ခဲ့သည်။
အလားတူ တိုက်ပွဲဖြစ်ပွားချိန် တွင် နယ်မြေတည်ငြိမ်အေးချမ်းမှု ကို လိုလားသည့် တာဝန်သိပြည်သူ များ၏ သတင်းပေးပို့ချက်များအရ အကြမ်းဖက်သမားများ ခိုအောင်း နေသည့်နေရာများသို့ တိကျစွာ ဖြင့် ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ် ခဲ့ရာ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ထိခိုက် ကျဆုံးမှုများစွာဖြင့် မွန်းလွဲ ၂ နာရီ ခန့်တွင် အနောက်ဘက်နှင့် မြောက်ဘက်တို့သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များ၏ အလောင်း၊ လက်နက် အချို့ သိမ်းဆည်းရမိခဲ့ကာအဆိုပါ အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးရာ နေရာများသို့ တပ်မတော်မှ သောင်းကျန်းသူ ချေမှုန်းမှု စစ်ဆင်ရေးများကို ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ဇရပ်ကြီး မြို့အတွင်း လိုအပ်သော လုံခြုံ ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်