ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပဲခူး ဇူလိုင် ၃၁


ပဲခူးတိုင်းဒေသကြီး   စီမံအုပ်ချုပ်ရေးကောင်စီရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် ၃၀ရက်  နံနက်  ၁၀ နာရီက     ပဲခူးတိုင်းဒေသကြီး  သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု      အဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းဝေး (၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပသည်။

 


ရှေးဦးစွာ   ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   ဦးမျိုးဆွေဝင်းက  သဘာဝဘေး အန္တရာယ်သည်    မျှော်မှန်း၍   မရနိုင်သော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို   ဆောင်ရွက် ထားခြင်းဖြင့်     ထိခိုက်မှုလျော့နည်းသက်သာနိုင် မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် မိုးရေချိန် များသည့်    တိုင်းဒေသကြီးတစ်ခုဖြစ်သလို  မြစ်/ချောင်းဘေးတစ်လျှောက်   ကျေးရွာနှင့်  မြို့များ တည်ထားခြင်းတို့ကြောင့်   ရေကြီးရေလျှံမှုများကို အထိုက်အလျောက် နှစ်စဉ်ခံစားရကြောင်း၊ တစ်နှစ် ထက် တစ်နှစ်  ရေကြီးရေလျှံမှု လျော့နည်းသက်သာ စေရန်အတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ ကို ပိုမိုဆောင်ရွက်နေသလို ပြည်သူလူထုအတွင်းသို့ လည်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်    သတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာ ရောက်ရှိစေရေး လိုအပ်မည်ဖြစ် ကြောင်း၊ မြို့နယ်များတွင် ဆောက်လုပ်ထားသည့် Cyclone Shelter များ ကြိုတင်စစ်ဆေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊  သဘာဝဘေးနှင့်ပတ်သက်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေး ညီ    ဆောင်ရွက်နိုင်စေရန်   ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းများလည်း   ဆောင်ရွက်ထားရမည်ဖြစ် ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလဖြစ်၍      ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေးစခန်းများ         နေရာချထားရေး ဆောင်ရွက်ရာတွင်  ကျန်းမာရေးနှင့်   အားကစား ဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များအတိုင်း   လိုက်နာဆောင်ရွက်သွားရန် ပြောကြားသည်။

 


ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်များက   မြို့နယ်များအလိုက် ရေကြီးရေလျှံမှုများ   ဖြစ်ပေါ်ရာတွင်  လမ်းပန်း ဆက်သွယ်ရေး     ပြတ်တောက်မှုမရှိစေရေးနှင့် မြစ်ရေကြီးမှုများတွင်      ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် လိုအပ်သည်များ  ဆောင်ရွက် ထားရန်တို့ အကြံပြုဆွေးနွေးတင်ပြခဲ့သည်။

 


ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသ ကြီးအဆင့်     ဌာနဆိုင်ရာများက   ဌာနအလိုက် သဘာဝဘေး   ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် အရန် ဆန်ရိက္ခာ    ဖြန့်ဝေထားရှိမှု  အခြေအနေများကို တင်ပြခဲ့ကြပြီး    ခရိုင်/  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ   နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပေါ်သည့် ရွှေကျင်မြို့နယ်တွင် Cyclone Shelter တည်ဆောက် ပေးရန်နှင့် အရန်ဆန်ရိက္ခာ  ကြိုတင်စုဆောင်းထား နိုင်ရေး    လိုအပ်ချက်နှင့်   အခြားလိုအပ်ချက်များ တင်ပြခဲ့ကြရာ  ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက     ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။


တင်စိုး(ပဲခူး)