ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်  ဇန်နဝါရီ  ၂၀


ပဲခူးတိုင်းဒေသကြီး   ပြည်ခရိုင် အတွင်းရှိ    ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ၉၁ ဦး၊ အုပ်ချုပ်သူ ငါးဦး စုစုပေါင်း ၉၆ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော် သည့် ကမ္ဘာပေါ်ရှိ  ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ အနက်    ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့်  မာရဝိဇယ  ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။


ဦးစွာ      ရှင်းလင်းဆောင်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း နှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်     ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက  မာရ ဝိဇယဘုရားကြီး  တည်ထားကိုး ကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်း စဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊   လက်ရှိ ထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီ စက်ကိရိယာများ    အသုံးပြု၍ ကျောက်စာရုံ   စေတီတော်များ တည်ထား    ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနား ကြီးများ    စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု   အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး   မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင် ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုဗီဒီယို မှတ်တမ်းကို ပြသသည်။


ထို့နောက်     ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေ ချောမွေ့စွာ    လာရောက်ဖူးမြော် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်း စဉ်အဆင့်ဆင့်ကို    အသေးစိတ်  ရှင်းလင်း  ပြောကြားပေးမှုများ အပေါ် ကျေးဇူးတင်စကားများ  ပြောကြားကြသည်။ ယင်းနောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များက  ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု   အခြေ အနေနှင့် စပ်လျဉ်း၍ သိရှိလိုသည် များကို မေးမြန်းကြရာ တာဝန်ရှိသူ များက   အသေးစိတ်   ပြန်လည် ရှင်းလင်းဖြေကြားသည်။


ယင်းနောက် ဂေါပကအဖွဲ့ဝင် များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး   ဘက်စုံပြုပြင်မွမ်းမံရန် အတွက်    အလှူငွေများ  ပေးအပ် လှူဒါန်းကြသည်။ ဆက်လက်၍ ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော်  ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့်  ဂန္ဓကုဋိ၊  မော်ကွန်းတိုက်၌  မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်    ပြသ  ထားမှု၊      မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီး၊ ကျောက်စာရုံစေတီတော်များ နှင့် အခြားသာသနိက အဆောက် အအုံများကို       ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြသည်။


ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား  အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူး ပြည်သူများ   လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။


ယနေ့တွင်    မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား  လာ ရောက်ဖူးမြော်ခဲ့ကြသည့် ဂေါပက အဖွဲ့ဝင်များ၏ ရင်တွင်းစကားသံ များကို  ယခုကဲ့သို့   ကြားသိခဲ့ရ ပါသည်-


ဦးမြဝင်း 
(ပြည်ရွှေဆံတော်)


နိုင်ငံတော်အကြီးအကဲကနေပြီး ခက်ခဲပင်ပန်းစွာ   တည်ထားတဲ့ မာရဝိဇယဘုရားကြီးကို လာရောက် ဖူးမြော်ချင်နေတဲ့ဆန္ဒ      ရှိတာ ကြာပါပြီ။     ဆန္ဒကိုဖြည့်ဆည်း သွားအောင်လို့  တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့   တာဝန်ရှိသူများက ပံ့ပိုးကူညီပေးတဲ့အတွက်ကြောင့် အခုလို ဖူးမြော်ရခြင်းဖြစ်ပါတယ်။ အခုလို လာရောက်ဖူးမြော်ရတဲ့ အခါမှာ ပြည်ခရိုင် လေးမြို့နယ်ရှိ ဘုရား ၁၂ ဆူမှ ဂေါပက ၉၁ ဦး ကို        နိုင်ငံတော်အစီအစဉ်နဲ့ လာရောက် ဖူးမြော်ရတဲ့အတွက် ကြောင့် ဂေါပကလူကြီးတွေက မပင်ပန်းဘဲ မာရဝိဇယဘုရားကြီး ကို လာရောက်ဖူးမြော်ရတာ အထူး ပဲ   ကျေးဇူးတင်ပါတယ်။   ဒီလို ဖူးမြော်ရတဲ့အတွက် ကမ္ဘာ့အလယ် မှာ    တင့်တယ်စွာနဲ့မြင်တွေ့ရတဲ့ အတွက်   ပိုမိုဝမ်းသာဂုဏ်ယူမိ ပါတယ်။ ဒီလို ဘုရားကြီးဖြစ်ပေါ် လာဖို့အတွက်   နိုင်ငံတော်အကြီး အကဲတွေက အခက်အခဲများစွာနဲ့စိန်ခေါ်မှုများစွာကို    ရင်ဆိုင်ပြီး အများပြည်သူတွေကနေ  အလွန် ဖူးမြော်ကြည်ညိုချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာပါတယ်။      အခုလို တည်ထားပေးတဲ့     နိုင်ငံတော် အကြီးအကဲများကိုလည်း အထူးပင် ကျေးဇူးတင်ပါကြောင်း ပြောကြား လိုပါတယ်။ 


ဦးလှသိန်း 
(ပေါက်ခေါင်းလေးမျက်နှာစေတီ)


မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် ကြီးကို အင်ဂျင်နီယာအစွမ်း၊ အနု ပညာအစွမ်း၊   လက်မှုပညာအစွမ်း တွေနဲ့      တည်ထားတာဖြစ်တဲ့ အတွက်   ဖူးမြော်ရတာ  အလွန် ဝမ်းသာကြည်နူးမိပါတယ်။ ကမ္ဘာမှာ  ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကြီးကို လာရောက် ဖူးမြော်    ကြည်ညိုရတဲ့အတွက် အတိုင်းမသိ ဖြစ်ရပါတယ်။ မြန်မာ နိုင်ငံအရပ်ရပ်မှာရှိတဲ့     ဂေါပက အဖွဲ့တွေကို   လာရောက်ဖူးမြော်  အောင်  စီစဉ်ဆောင်ရွက်ပေးတဲ့ တိုင်းဒေသကြီးမှ တာဝန်ရှိသူတွေနဲ့ နိုင်ငံတော်   အကြီးအကဲတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ 


ဦးစိုးကျော် 
(ရွှေပလ္လင်မှော်စေတီ)


တိုင်းဒေသကြီးမှ   ညွှန်ကြားမှုနဲ့ လာရောက်ရတဲ့အတွက် အင်မတန်မှ လည်း ဝမ်းသာကြည်နူးစရာတစ်ခု ဖြစ်ပါတယ်။ ဒီကိုလာရောက်တော့  တိုးတက်မှုတွေမြင်ရတဲ့အတွက်  အင်မတန်မှ ဝမ်းသာပီတိဖြစ်မိ ပါတယ်။ နောက်လည်း ကျွန်တော် တို့လို    ဘာသာရေးလုပ်နေတဲ့ ဂေါပကအဖွဲ့တွေကို   နိုင်ငံတော်  အကြီးအကဲတွေက  ဘုရားဖူးတွေ ကို    ထပ်မံပို့ဆောင်ပေးပါလို့  မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။ အခုလိုစီစဉ်ပေးတဲ့ တာဝန်ရှိသူတွေ နဲ့ လာရောက်ဘုရားဖူးရာမှာလည်း  လိုက်လံရှင်းလင်းပြသပေးသူတွေ၊ ကြိုဆိုသူတွေအားလုံးကိုလည်း  အထူးကျေးဇူးတင် ဝမ်းသာပီတိ ဖြစ်ရပါတယ်။          

သတင်းစဉ်