
ပဲခူး ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ် ၂ ရက် မွန်းလွဲ ၂ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၁)ကို အွန်လိုင်း ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရုံးပိတ်ရက်ရှည်ကာလအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ အတွက် ထိထိရောက်ရောက် ဆောင်ရွက်စေလို ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ် ၁၅ မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ တိတိကျကျ ပြတ်ပြတ်သားသား လုပ်ကိုင်ဆောင်ရွက်ရန်နှင့် အခြားမြို့နယ်များတွင် လည်း ကိုဗစ်-၁၉ ရောဂါ စည်းကမ်းနှင့်အညီ လုပ်ကိုင် ရန်လိုအပ်ကြောင်း၊ အခြေခံစားသောက်ကုန်များဖြစ် သည့် ဆန်၊ စိုက်ပျိုးရေးထွက်ကုန်၊ မွေးမြူရေး ထွက်ကုန်များ ဈေးမတက်စေရန် အမြဲမပြတ် စုံစမ်း စစ်ဆေး အရေးယူဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ အများသုံးဆေးဝါးများအား အများပြည်သူ တို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူစွာဝယ်ယူနိုင် ရေး စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မြို့နယ် အလိုက် အောက်ဆီဂျင်လိုအပ်မှုအပေါ် သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်ချိတ်ဆက်၍ ချက်ချင်း သယ်ယူပို့ဆောင်နိုင်ရေးဆောင်ရွက်သွား ရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် လူဦးရေစာရင်းအား ကျန်းမာရေးဝန်ကြီးဌာန၏ Website Server သို့ အချိန်နှင့် တစ်ပြေးညီ Online Data Base System ဖြင့် ထည့်သွင်းရန်၊ သတ်မှတ်ထားသည့် အုပ်စု အလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရေး လူဦးရေစာရင်း များအား Up to Date ပြန်လည်ပြုစုထားရန် လိုအပ် ကြောင်း၊ တတိယလှိုင်းတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါပိုးသည် အသွင်ပြောင်း Delta Virus ဖြစ်၍ ကူးစက်မှုနှုန်းမြန်သလို သေဆုံးမှုနှုန်းလည်း မြှင့်တက်နေကြောင်း၊ ပြည်သူအားလုံး ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိဖြင့် နေထိုင်နိုင်ရေး အသိ ပညာပေးရန်လည်း လိုအပ်ကြောင်း၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများအား အရှိန်အဟုန် မပြတ် ဆက်လက်ဆောင်ရွက်သွားရန်နှင့် မြို့နယ် များတွင် တပ်ဆင်မည့် Oxygen Plant များ မီးဘေး အန္တရာယ်နှင့် လုံခြုံရေးစနစ်တကျ ထားရှိသွားရန် အကြံပြုပြောကြားသည်။
အဆိုပါအစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် လိုအပ်သော အောက်ဆီဂျင်နှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား အချိန်မီရရှိနိုင် ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)