
ပဲခူး စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၉/၂၀၂၁)ကို ယနေ့ နံနက် ၁၀ နာရီ တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင် ဟံသာအစည်းအဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပသည်။
အသိပညာပေးဆောင်ရွက်သွားရန်
အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ (၁၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်း အဝေး လမ်းညွှန်ချက်များကို ဖတ်ကြားရှင်းလင်းပြီး ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသားများအား စနစ်တကျ သေချာစစ်ဆေးပြီး ကျန်းမာရေးကူညီစောင့်ရှောက်မှု ပေးရန်၊ အသက် ၅၅နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်၍ စာရင်းဇယားများ စနစ်တကျ ကြိုတင်ပြုစုထားရန်နှင့် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ နေထိုင်သွားလာနိုင် ရေး အသိပညာပေးဆောင်ရွက်သွားရန် ပြောကြား သည်။
ဆွေးနွေးတင်ပြ
ထို့နောက် တိုင်းဒေသကြီး ကျန်းမာရေးဦးစီး ဌာနမှူးက တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးများက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် နိုင်ရေး အကြံပြုချက်များကိုလည်းကောင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကြောင်း သိရသည်။
သတင်းစဉ်