
နေပြည်တော် စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် Titans Thiha Group of Co., Ltd၊ Mingalar Than Myaint Energy Co., Ltd နှင့် ဌေးနန္ဒာမြင့် ကင်ဆာ ဖောင်ဒေးရှင်းတို့က ကျန်းမာရေး သုံး အထောက်အကူပြုပစ္စည်းများ ကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ လာရောက်လှူဒါန်း သည်။
ထိုသို့ လှူဒါန်းရာတွင် Mingalar Than Myaint Energy Co., Ltd ၏ မန်နေဂျာက ကျန်းမာရေးသုံး အထောက်အကူ ပြုပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ပြီး Oxygen Concentrator နှစ်လုံးနှင့် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်