
ပဲခူး ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ ၂၂ ဖွဲ့အား ထောက်ပံ့ငွေနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်းအခမ်း အနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
ပြောကြား
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပရဟိတအလုပ် သည် လူတိုင်းလုပ်ကိုင်နိုင်ရန်ခက်ခဲပြီး အချိန်နှင့်ဘဝကို ပေးဆပ်နေရသည့် သူရဲကောင်းများဖြစ်သည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်း များ၌ ကျန်းမာရေးဝန်ထမ်းများနည်းတူ ရှေ့တန်းမှ ကာကွယ်နေရသည့် အသင်းအဖွဲ့များဖြစ်ကြောင်း၊ ပရဟိတသဘောသည် ပရ-အများ၊ ဟိတ-အကျိုးလို့ အနက်အဓိပ္ပာယ်ရသည့်အတွက် ပရဟိတအသင်း အဖွဲ့များသည် အများအကျိုး၊ အများကောင်းကျိုး သယ်ပိုးထမ်းရွက်နေသူများပင်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် ဖြစ်ပွားခဲ့သည် သဘာဝဘေးအန္တရာယ် အမျိုးမျိုး၊ ကပ်ရောဂါဘေးအမျိုးမျိုးတို့တွင် ပရဟိတ အသင်းအဖွဲ့များ၏ လုပ်ဆောင်မှုကဏ္ဍသည် ရှေ့တန်းမှပါဝင်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့တိုင်းဒေသကြီးကောင်စီအနေဖြင့် ပရဟိတ အသင်းအဖွဲ့များကို မိသားစုများသဖွယ် အလေး အနက်ထားပါကြောင်း၊ ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးအတွက် အရေး ပေါ်လိုအပ်လျက်ရှိသော UK နိုင်ငံထုတ် တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးရေ ၆၀ ခန့်ထွက်ရှိ သည့် Oxygen Plant အား ချက်ချင်းတပ်ဆင်ပေး နိုင်ခဲ့ပြီး ထပ်မံ၍လည်း တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးရေ ၂၅၀ ခန့် ထွက်ရှိသည့် Oxygen Plant ခုနစ်လုံးအား ဦးစားပေး မြို့နယ်အလိုက် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း အောက်ဆီဂျင် လိုအပ်မှုကို အပြည့်အဝဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ် အတွင်းရှိ ပရဟိတအသင်းအဖွဲ့ ၂၂ ဖွဲ့ ကိုယ်စား မာတလိပရဟိတအသင်း ခေါင်းဆောင် ဦးဇင်လတ် အား PPE Level(1)(အဖြူ)ဝတ်စုံ ၉၀၀၊ နှာခေါင်းစည်း ၁၀၀၀၀၊ PPE Level(2)(အပြာ) ဝတ်စုံ ၄၀၀၀၊ ခြေစွပ် ၁၀၀၀၊ ခေါင်းစွပ် ၄၀၀၀၊ Hand Spary ဒါဇင် ၂၀၊ Hand Gel တစ်ပီပါနှင့် ထောက်ပံ့ငွေ ကျပ်သိန်း ၁၁၀ တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပရဟိတအသင်း အဖွဲ့ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားသည်။
ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတ အသင်းအဖွဲ့ ၂၂ ဖွဲ့၊ လူဦးရေ ၂၀၀ ကျော်အား တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm စတင် ထိုးနှံပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီ အဖွဲ့ဝင်များလိုက်ပါလျက် ပဲခူးမြို့ အထွေထွေရောဂါ ကု ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက် ဆဲ Liquid Oxygen Plant တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ရောက်ရှိခဲ့ရာ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က တင်ပြခဲ့ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက Liquid Oxygen Storage Tank နှင့် ပိုက်လိုင်းများ ဆက်သွယ်နိုင်ရေး ဆောင်ရွက်သွား ရန်နှင့် လိုအပ်သော အခက်အခဲများရှိပါက ချက်ချင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြားဆေးရုံများနှင့် ပြည်သူလူထုအတွက် လိုအပ်သော အောက်ဆီဂျင်များ ထုတ်လုပ်ပေးနိုင်ရေး Oxygen Filling Pump System အား တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားပြီး လုပ်ငန်းခွင် အတွင်း လှည့်လှည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)