ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ဆန်နှင့် အခြေခံစားကုန်များ ထောက်ပံ့

 

ပဲခူး  စက်တင်ဘာ  ၂၃


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  တော်ဝင်ဟံသာ ခန်းမ၌  စက်တင်ဘာ ၂၁ ရက်က ပဲခူးတိုင်းဒေသ ကြီး   အစိုးရအဖွဲ့ရုံးဝန်ထမ်းများနှင့်   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  ဝန်ထမ်းများအား    ဆန်နှင့် အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည်   နိုင်ငံတော်အစိုးရအတွက် အလွန် အရေးပါသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ မိမိတို့၏ ဌာန ရည်မှန်းချက်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ ကောင်းမွန်ခဲ့သော သမိုင်းဂုဏ်ကို  ဆက်လက် ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်း များအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မခံရစေရေး ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် နေထိုင် သွားလာကြရန်နှင့် အခက်အခဲရှိပါက ဝိုင်းဝန်းကူညီ ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်       တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး   အစိုးရအဖွဲ့ရုံးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   ဝန်ထမ်းများ အတွက် ဆန် ၁၈ အိတ်၊ ဆီ ၂၁၅ ဘူး၊ ကုလားပဲ သုံး အိတ်၊ ဆားသုံးအိတ်တို့ကို  ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား တိုင်းဒေသကြီး   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများက လက်ခံယူကြောင်း  သိရသည်။                                                
တင်စိုး(ပဲခူး)