နေပြည်တော် နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ ကျေးရွာတချို့တွင် နိုဝင်ဘာ ၂၄ ရက် ညပိုင်းက ပြည်သူ့စစ် ထောက်ပံ့ကြေး အတွက်ဆိုပြီး တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀ ထည့်ရန် အုပ်ချုပ်ရေးအဖွဲ့ များက အသံချဲ့စက်ဖြင့် အသိပေး ခဲ့ပြီး မဖြစ်မနေထည့်ဝင်ရမည် ဆိုကာ ခြိမ်းခြောက်သွားကြောင်း၊ ဒေသခံများကို နည်းလမ်းမျိုးစုံဖြင့် ငွေကြေးရယူမှုများ မကြာခဏ လုပ်နေကြောင်း၊ ကဝမြို့ဒေသခံ များ၏ ပြောကြားချက်အရ သိရှိရ ကြောင်း၊ မဟုတ်/မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ ပဲခူးတိုင်းဒေသကြီး အုပ်ချုပ် ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက “လုပ်ကြံသတင်းသာဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ ရိုးသား သည့် စိတ်ဓာတ်ကို အခြေခံအသုံး ချပြီး အထင်အမြင်လွဲမှားမှုဖြစ်စေ ရန် ရည်ရွယ်၍ သတင်းတု ထုတ်လွှင့်ခြင်းသာ ဖြစ်ကြောင်း” ၎င်း၏ ပြောကြားချက်အရ သိရှိရ သည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်မှု အားပေး ပြည်ဖျက်မီဒီယာအချို့ သည့် လူမှုကွန်ရက်စာမျက်နှာများ တွင် သတင်းတု၊ သတင်းအမှား များကို နည်းလမ်းမျိုးစုံအသုံးပြု ၍ ဖြန့်ဝေရေးသားလျက်ရှိပြီး ပြည်သူများ စိုးရွံ့ထိတ်လန့်ပူပန်မှု များဖြစ်ပေါ်စေရန်နှင့် သက်ဆိုင် ရာအုပ်ချုပ်ရေး တာဝန်ထမ်းဆောင် နေသူများအပေါ် ကြောက်ရွံ့ မုန်းတီးပြီး အထင်အမြင်လွဲမှားမှု များ ဖြစ်ပေါ်စေရန် ရည်ရွယ်လျက် သတင်းတု၊ သတင်းအမှားများ ဖန်တီးရေးသားလျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်