ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်၌ စားသုံးကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

 

ပြည်     ဩဂုတ်   ၂၆


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်၌    ဒေသခံပြည်သူများ   စားသုံးကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ    ဝယ်ယူစားသုံးနိုင်ရေးအတွက်   ဌာနဆိုင်ရာ များ၊   ကဏ္ဍအလိုက်လုပ်ငန်းရှင်များနှင့်   ကိုယ်တိုင်  စိုက်ပျိုး/ မွေးမြူ ထုတ်လုပ်သူများက  ပြည်သူများထံအရောက်  ပြင်ပထက်သက်သာသော ဈေးနှုန်းဖြင့် နေ့စဉ်တိုက်ရိုက်ရောင်းချပေးလျက်ရှိသည်။


အခြေခံစားသုံးကုန်များရောင်းချပေးရာတွင် စားသုံးသူရေးရာဦးစီး ဌာနနှင့် ဆန်စက်/ဆီစက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်ကြီးများ အသင်းမှ ဧည့်မထဆန်တစ်ပြည် ကျပ် ၂၅၀၀ နှုန်းနှင့် စားအုန်းဆီများကို ပြင်ပထက်သက်သာသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရပ်ကွက် များသို့ လှည့်လည်ရောင်းချပေးလျက်ရှိသည်။ ကိုယ်တိုင် သားငါးမွေးမြူ ထုတ်လုပ်သူများကလည်း  ဘဲဥ တစ်လုံး ကျပ် ၃၀၀၊ ကြက်ဥတစ်လုံး ကျပ် ၂၀၀၊ ဆိတ်သား တစ်ပိဿာ ကျပ် ၁၈၀၀၀၊ ဝက်သား တစ်ပိဿာ ကျပ် ၁၅၀၀၀၊ အမဲသား တစ်ပိဿာ ကျပ် ၁၃၀၀၀၊ ငါး တစ်ပိဿာ ကျပ် ၄၅၀၀ နှင့် ကြက်သား တစ်ပိဿာ ကျပ် ၈၀၀၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်းနှင့် ယင်းသို့ရောင်းချပေးနေမှုကို မြို့နယ် များအလိုက်  တာဝန်ရှိသူများက   ကြီးကြပ်ပေးကာ  အမယ်စုံတိုးချဲ့ ရောင်းချပေးနိုင်ရေး    အားပေးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကိုတွတ်(ပြန်/ဆက်)