
ပဲခူး ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော မူးယစ် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ.ထ.က (၁) သီရိပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမှတ် (၃၆) မူးယစ်တပ်ဖွဲ့စု ပဲခူးမှ တပ်ဖွဲ့စုမှူး ရဲမှူးဆန်းထွန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ဆေးခြောက်ထည့်သွင်း ထုတ်လုပ်ထားသော အစားအစာနှင့်ဆေးဝါးများ၊ မူးယစ်ဆေးဝါး အာနိသင်ပါရှိသော အစားအစာများအား သုံးစွဲ၊ ရောင်းချမှုမရှိစေရေး အကြောင်း၊ အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ပဲခူးမှ ရဲအုပ် အေးကြည်ပြာသိန်းက လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ဟောပြောကာ ပညာပေးစာစောင်များ ဖြန့်ဝေပေးပြီး ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၅၀ ခန့် တက်ရောက်သည်။
အလားတူ တောင်ငူမြို့ အ.ထ.က (၁) မင်းကြီးညိုအဆောင်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ပညာပေးဟောပြော ခြင်းကို အမှတ်(၃၆) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ဇော်မင်းအေးက ဟောပြော ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
ကိုတွတ်(ပြန်/ဆက်)