
တောင်ငူ စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံသို့ ဆွမ်းဆန်နှင့် စားသုံးကုန်များ သွားရောက်ဆက်ကပ် လှူဒါန်း သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌထံ ကျီးတောင်တောရကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန် ငါးအိတ်၊ ဆီ ပိဿာ ၅၀၊ ကုလားပဲ နှစ်အိတ်၊ ဆားတစ်အိတ်၊ ကြက်ဥအလုံး ၂၀၀ ၊ နဝကမ္မ အလှူငွေကျပ် ခုနစ် သိန်း နှင့် လှူဖွယ်ပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်း သည်။
အလားတူ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်၊ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်နှင့် တာဝန်ရှိသူများက စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပဲခူးမြို့ ဆံတော်တွင်း ပရိယတ္တိစာသင်တိုက်၊ ဥဿာရွှေဘုန်းမြင့် ပရိယတ္တိ စာသင်တိုက်၊ ဖောင်တော်ဦး ရွှေဘုန်းပွင့် ပရိယတ္တိ စာသင်တိုက်နှင့် ပန်းလှိုင်ပရိယတ္တိစာသင်တိုက်များသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆွမ်းဆန်၊ ဆီ၊ ကုလားပဲ၊ ဆား၊ နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုကိုဇော်