ပဲခူးမြို့ရှောင်လမ်းများနှင့်အတူ တိုးတက်လာမည့် ဒေသစီးပွား

Type
77

 

 ဗညားဦး
 

နိုင်ငံအတွင်း အထက်အောက်  စုန်ဆန် ကုန်စည် ကူးသန်းရေးအတွက် မြို့တွင်းသို့ ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြတ်သန်းစီးဝင်ရင်း  ပဲခူးမြို့သည် လှုပ်ရှားသက်ဝင်နေသည်။ ထိုသို့   ပဲခူးမြို့တွင်းသို့ နေ့စဉ် ခန့်မှန်းယာဉ်အစီးရေ  တစ်သောင်းကျော် ဖြတ်သန်းနေပြီး  အများအားဖြင့် ကုန်စည်သယ်ယူ ပို့ဆောင်သည့်   ကားကြီးများဖြစ်သည့်အတွက် ယာဉ်ကြောကျပ်တည်းမှုနှင့်အတူ ယာဉ်အန္တရာယ်  လမ်းအန္တရာယ် မကြာခဏဖြစ်ပေါ်လေ့ရှိသည်။

 


“ကျွန်တော်တို့ဒေသမှာက       လမ်းတွေက ကောင်းသွားပြီ။  ဒါပေမယ့်   ယာဉ်သွားလာမှုက များတယ်။ ကားကြီးတွေများတယ်။ ခရမ်း၊ သုံးခွ ဘက်ကလာတဲ့ ကုန်ကားတွေ၊   သီလဝါဘက်က လာတဲ့ ကုန်ကားကြီးတွေဟာ ပဲခူး-သနပ်ပင်-ခရမ်း- သုံးခွ-သန်လျင်လမ်းကနေ ပဲခူးမြို့ထဲ   ဖြတ်သွားရ တော့   ယာဉ်အန္တရာယ်တော့    ဂရုစိုက်ရတယ်။ မြို့ရှောင်လမ်းတွေတော့      ဆောင်ရွက်နေပါပြီ။ ဒီလမ်းတွေသေချာပြီးစီးသွားရင်တော့ ပိုပြီးအဆင် ပြေလာမှာပါ”ဟု   ပဲခူးမြို့မှ   ဦးကျော်ကျော်က ပြောသည်။

 


မြို့ရှောင်လမ်းများ အကောင်အထည်ဖော်

ထိုသို့သောအခြေအနေများကို  ကျော်လွှားသွား နိုင်ရန်အတွက်    ကုန်စည်သယ်ယူပို့ဆောင်သည့် ကားကြီးများ မြို့ရှောင်လမ်းများမှတစ်ဆင့်  ပိုမို အဆင်ပြေလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ရေးကို ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနအနေဖြင့်  စီမံ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။

 


“ပဲခူးမြို့အနောက် မြို့ရှောင်လမ်းက ရှိပြီးသား။ ဒီလမ်းနဲ့ ချိတ်ဆက်ပြီး   ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးနဲ့ ချိတ်ဆက်သွားနိုင်အောင် ဆောင်ရွက် နေတယ်။ ပြီးတော့ ပဲခူးမြို့ အရှေ့မြို့ရှောင်လမ်းကို ဆောင်ရွက်တဲ့အခါ ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ-သန်လျင်လမ်းကလာတဲ့ ယာဉ်တွေဟာ မြို့တွင်းကို မဖြတ်ဘဲသွားနိုင်မယ်။ ဒါတင်မကဘဲ ဒီလမ်းကနေ သီလဝါအထူးစီးပွားရေးဇုန်ကိုလည်း  ယာဉ်ကြော ကျပ်တည်းမှုမရှိဘဲ   အဆင်ပြေပြေသွားနိုင်မယ်” ဟု ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးတိုးတိုးက ပြောကြားသည်။

 


“ရန်ကုန်မြို့အဝင်လမ်း   အမှတ်(၆)လမ်းဖြစ် တဲ့ ဒီလမ်းပိုင်းရဲ့ ပဲခူးတိုင်းဒေသကြီးအပိုင်းမှာရှိတဲ့ သက္ကလတံတား အရှည်ပေ ၁၂၀၊ မုဒုတံတား အရှည် ပေ ၁၅၀၊ ခမဲပြင်တံတား အရှည် ၆၉ ပေ၊ အလယ် ရွာတံတားအရှည် ၆၉ ပေ၊ ရစ်ဝတံတားအရှည် ၉၆ ပေ စုစုပေါင်း  သစ်သားတံတားငါးစင်းကို ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်မှာ ဆောင်ရွက်ခဲ့တယ်။ သက္ကလတံတားနဲ့  မုဒုတံတားနှစ်စင်းကို နှစ်လမ်း သွား သံကူကွန်ကရစ်တံတားအဖြစ်  ၁၀၀  ရာခိုင် နှုန်း  ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ အလယ်ရွာတံတား၊ ခမဲပြင်တံတား၊ နှစ်စင်းကိုလည်း   နှစ်လမ်းသွားသံကူကွန်ကရစ် တံတားအဖြစ်   ၁၀၀    ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  ကျန်ရှိနေသေးတဲ့    ရစ်ဝသစ်သားတံတားကို လာမယ့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ နှစ်လမ်းသွား သံကူကွန်ကရစ်တံတား အဖြစ် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးအောင် စီမံချက်ချ ရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 


ဘဏ္ဍာနှစ်အလိုက် ကြိုးပမ်းဆောင်ရွက်


တိုင်းဒေသကြီးလမ်းဦးစီးဌာနသည် ဒေသတွင်း လမ်းများ ကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် AC လမ်း၊    ကွန်ကရစ်လမ်း၊      ကတ္တရာလမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်း၊ မြေလမ်းစသည့် လမ်းအမျိုးအစားများကို ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကို ပဲခူးမြို့ရှောင်လမ်းပိုင်းများသည် များစွာ အထောက်အကူပြုနိုင်သည့်အတွက်   ဘဏ္ဍာနှစ် အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 


“မြို့ရှောင်လမ်းပိုင်းတွေကို ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်တယ်။ အဓိကတော့ ဘုရားကြီး လမ်းဆုံကနေ နေရာအားလုံးနဲ့ ချိတ်ဆက်ထားပါ တယ်။ လမ်းဆုံအရှေ့ဘက် ရန်ကုန်-မော်လမြိုင်-မြိတ်လမ်းကနေ မွန်ပြည်နယ်၊   ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းကို  သွားလို့ရတယ်။     လမ်းဆုံ အနောက်ဘက်ဆိုရင်   ရန်ကုန်-မန္တလေး (အမြန် လမ်း)၊ မြောက်ဘက်ဆိုရင် နေပြည်တော် ၊ မန္တလေး အထိသွားလို့ရတယ်။ ဒီဘုရားကြီးလမ်းဆုံကနေ ကလိလမ်းဆုံရောက်တဲ့အခါ အရှေ့မြို့ရှောင်လမ်း မှတစ်ဆင့် ပဲခူးမြို့ထဲကိုမဝင်ဘဲ သနပ်ပင်လမ်းပေါ် ကနေ သီလဝါဆိပ်ကမ်းအထိ     သွားနိုင်အောင်၊ တစ်ဖက် သီလဝါဆိပ်ကမ်းကနေလာတဲ့ ကားတွေ ဟာလည်း ပဲခူးမြို့တွင်းကိုမဝင်ဘဲ အရှေ့မြို့ရှောင် လမ်းကိုပတ်ပြီးတော့   ဘုရားကြီးလမ်းဆုံကနေ သွားနိုင်အောင်ပါ။ သနပ်ပင်လမ်းကနေအနောက်မြို့ရှောင်လမ်းနဲ့ ချိတ်ဆက်ပြီး အမြန်လမ်းလည်း သုံးနိုင်အောင်ပါ။   စက်ဝိုင်းပုံစံလို လမ်းတွေ ချိတ် ဆက်ပြီးတော့ မြို့ရှောင်လမ်းကနေ ပိုပြီးလွယ်ကူ အဆင်ပြေစွာနဲ့ ပတ်သွားလို့ရအောင်ပါ”ဟု ညွှန်ကြား ရေးမှူး(မြို့ပြ)က ရှင်းပြသည်။

 


တည်ရှိပြီးဖြစ်သည့်  ပဲခူးအနောက်မြို့ရှောင် လမ်း မိုင်တိုင်အမှတ် ငါးမိုင် ခုနစ်ဖာလုံမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၂ မိုင် ခြောက်ဖာလုံအနီး  လသာကုန်း Under Pass မှတစ်ဆင့် ချိတ်ဆက်သွားမည့်လမ်းပိုင်းကို  တိုင်း ဒေသကြီး လမ်းဦးစီးဌာနသည်   နှစ်စဉ်ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော်လျက်ရှိသည်။

 


အမြန်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်


“ရန်ကုန်-မန္တလေးလမ်း  (အမြန်လမ်းမကြီး) ပေါ်က မြို့တိုင်းဟာ ဒီလမ်းမကြီးနဲ့ ချိတ်ဆက်ထား ကြတယ်။ ကျွန်တော်တို့မြို့ဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနဲ့ တိုက်ရိုက်ချိတ်ဆက်တဲ့လမ်း မရှိသေးဘူး။ အမြန်လမ်းကနေ ဘုရားကြီးလမ်းဆုံ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းကနေမှ ပဲခူးမြို့ကို လာရတာဖြစ်တယ်။ ဒါကြောင့် ပဲခူးမြို့တွင်းကနေ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို တိုက်ရိုက် သွားနိုင်အောင် အပိုင်းနှစ်ပိုင်းနဲ့   ဆောင်ရွက်နေ တယ်”ဟု  ပဲခူးတိုင်းဒေသကြီး   လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသူရစိုး က ပြောကြားသည်။

 


တိုင်းဒေသကြီးလမ်းဦးစီးဌာနအနေဖြင့်   ပဲခူး မြို့တွင်းမှ    ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်သောလမ်းကို အကောင် အထည်ဖော်ရာတွင် ယင်းအပိုင်းတွင် ပဲခူးမြစ်ကူး တံတားတစ်စင်းနှင့်       မီးရထားခုံးကျော်တံတား တစ်စင်း ထည့်သွင်းတည်ဆောက်မည့်    မြို့တွင်း ကျောက်တွင်းကုန်းလမ်းဆုံမှ ပဲခူးအနောက်မြို့ရှောင် လမ်း မိုင်တိုင် ၅/၇ အထိ နှစ်မိုင် ခုနစ်ဖာလုံအပိုင်းနှင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အနောက်မြို့ရှောင်လမ်း မိုင်တိုင်  ၅/၇ မှ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ ချိတ်ဆက်မည့် လမ်းပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းပါဝင်သည်။ 

 


ပဲခူးမြစ်ကူးတံတား  တည်ဆောက်ခြင်း


“ဒီအပိုင်းနှစ်ပိုင်းမှာ       ကျွန်တော်တို့အနေနဲ့ အနောက်မြို့ရှောင်လမ်းပေါ်ကနေ အမြန်လမ်းပေါ် ချိတ်ဆက်သွားနိုင်မယ့်အပိုင်းကို လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မြို့တွင်း ကျောက်တွင်းကုန်းလမ်းဆုံကနေ ပဲခူးအနောက် မြို့ရှောင်လမ်း ဆက်သွယ်တဲ့အပိုင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ   မြေယာလျော်ကြေးပေးချေခြင်းနဲ့ ပဲခူးမြစ်ကူးတံတား  တည်ဆောက်ခြင်းအတွက် ရန်ပုံငွေ ထည့်သွင်းလျာထားဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု   လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။ 

 


လမ်းဦးစီးဌာနအနေဖြင့် ယင်းအပိုင်းနှစ်ပိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့်အခါ   ရန်ကုန်-မန္တလေး(အမြန်လမ်း)ပေါ်မှ ပဲခူးမြို့တွင်းသို့ အချိန်တိုအတွင်း သွားလာရောက်ရှိနိုင်သလို ပဲခူး-သနပ်ပင်လမ်းမှတစ်ဆင့် သီလဝါအထူးစီးပွားရေး ဇုန် လမ်းကြောင်းနှင့်အတူ လွယ်ကူစွာ ချိတ်ဆက် သွားလာနိုင်တော့မည်ဖြစ်သည်။

 


ပဲခူးအနောက်မြို့ရှောင်လမ်း ငါးမိုင် ခုနစ်ဖာလုံ မှတစ်ဆင့်  ရန်ကုန်-မန္တလေး အမြန်လမ်း ၃၂ မိုင် ခြောက်ဖာလုံနှင့်   ၃၂ မိုင် ခုနစ်ဖာလုံအကြားသို့ ဆက်သွယ်သည့် လမ်းပိုင်းအရှည် ရှစ်မိုင် တစ်ဖာလုံ ကို ၂၀၂၀-၂၀၂၁ ခုနှစ် (ခြောက်လဘဏ္ဍာနှစ်) တွင် မြေယာလျော်ကြေးငွေများပေး၍   လုပ်ငန်းများ စတင်အကောင်အထည်ဖော်ခဲ့သည်။ ယခုဘဏ္ဍာ နှစ်၌ လမ်းပိုင်းအရှည် ရှစ်မိုင် တစ်ဖာလုံကို မြေသား တာပေါင်တည်ဆောက်ခြင်း၊ ကျောက်ဖြင့် ထု-အခြေ ခံလွှာခင်းခြင်းလုပ်ငန်းများပြီးစီးအောင် လမ်းဦးစီး ဌာနအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်းအဖြစ် အသုံး ပြုနိုင်အောင်   ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်သည်။

 


ပဲခူးအနောက်မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့   တိုက်ရိုက်ဆက်သွယ်သွားလာနိုင် သည့်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အားဖြင့်  လမ်းပိုင်းပေါ်ရှိ မရမ်းကြောကျေးရွာ၊ ကသဲ အင်းကျေးရွာ၊   စစ်ပင်ထိပ်ကျေးရွာ၊  လေးအိမ်စု ကျေးရွာ၊ မဲစုန်ကျေးရွာနှင့် လသာကုန်းကျေးရွာများမှ ဒေသခံပြည်သူများ၏  လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကိုအထောက်အကူပြုမည်ဖြစ်သည်။

 


ထို့အတူ လမ်းဦးစီးဌာနသည် လမ်းမိုင် အရှည် ၁၀ မိုင် ခြောက်ဖာလုံရှိသည့် ပဲခူးမြို့ အရှေ့မြို့ရှောင် လမ်းကို  ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်တွင်   စတင် ဆောင်ရွက်ခဲ့သည်။

 


ပဲခူးမြို့အရှေ့ မြို့ရှောင်လမ်း


“ပဲခူးမြို့အရှေ့ မြို့ရှောင်လမ်းကို   အဓိကက တော့ မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုမရှိအောင် နဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပိုမိုမြန်ဆန်အောင် ရည်ရွယ်ဆောင်ရွက်တာပါ။ နောက်တစ်ခုက ဒီလမ်း ကနေ သီလဝါအထူးစီးပွားရေးဇုန်ကို လွယ်လွယ်ကူကူ နဲ့ အချိန်တိုအတွင်းသွားနိုင်အောင်ပါ”ဟု လက်ထောက် ညွှန်ကြားရေးမှူးက ရှင်းပြသည်။

 


လမ်းဦးစီးဌာနသည် ပဲခူးအရှေ့ မြို့ရှောင်လမ်း ဆောင်ရွက်ရာတွင်    သမိန်းဗရမ်း-ဆံတော်တွင်း အပိုင်း နှစ်မိုင် လေးဖာလုံ၊ ဆံတော်တွင်း -သနပ်ပင် အပိုင်း နှစ်မိုင် နှစ်ဖာလုံ၊  သနပ်ပင်-ကလိအပိုင်း ခြောက်မိုင်ဟူ၍ အပိုင်းသုံးပိုင်းဖြင့် အကောင်အထည် ဖော်လျက်ရှိပြီး  သမိန်းဗရမ်း-ဆံတော်တွင်းအပိုင်း သည် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

 


“ဆံတော်တွင်း-သနပ်ပင်အပိုင်းကို ယခုဘဏ္ဍာ နှစ်မှာ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နေပါ တယ်။   သနပ်ပင်-ကလိအပိုင်းကိုတော့ လျာထား ဘဏ္ဍာငွေအရ ၇၀ ရာခိုင်နှုန်း   ပြီးစီးမှာဖြစ်ပြီး တော့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ   ၁၀၀ ရာခိုင်နှုန်း ပြီးစီးနိုင်ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ”ဟု လက်ထောက်ညွှန်ကြား ရေးမှူးက ပြောသည်။

 


ပဲခူးအရှေ့မြို့ရှောင်လမ်း    ရာနှုန်းပြည့်ပြီးစီး သွားပါက ပဲခူးမြို့တွင်း ယာဉ်ကြောကျပ်တည်းခြင်း နှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်များကို ဖြေလျှော့ နိုင်သည့်အပြင် ရန်ကုန်(သီလဝါ) ဆိပ်ကမ်းမှ ကုန်တင် ယာဉ်ကားကြီးများသည် ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ- သန်လျင်လမ်းမှတစ်ဆင့် ပဲခူးမြို့တွင်းကိုရှောင်ကွင်း ၍ ရန်ကုန်-မန္တလေး လမ်းဟောင်းသို့  လွယ်ကူချောမွေ့ စွာ သွားရောက်နိုင်တော့မည် ဖြစ်သည်။ 

 


လူမှုစီးပွားတိုးတက်မှုကို   အထောက်အကူပြုစေရန်


တိုင်းဒေသကြီး လမ်းဦးစီးဌာနသည်   ဒေသ အတွင်းရှိ လမ်းပိုင်းအားလုံး  တစ်ပြေးညီ   ဖွံ့ဖြိုး တိုးတက်လာပြီး ဒေသတွင်းပြည်သူများ၏   လူမှု စီးပွားတိုးတက်မှုကို   အထောက်အကူပြုစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ 

 


သို့အတွက် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး လူမှုစီးပွားဘဝကို အထောက် အကူဖြစ်စေမည့်     ပဲခူးမြို့ရှောင်လမ်းပိုင်းများ အကောင်အထည်ဖော်ခြင်းနှင့်အတူ တိုင်းဒေသ ကြီးအတွင်း ကတ္တရာကွန်ကရစ် (AC)လမ်းခင်းခြင်း (နှစ်မိုင် နှစ်ဖာလုံ)၊ ကွန်ကရစ်လမ်းခင်းခြင်း (၁၅ မိုင် ၀  ဒသမ  နှစ်ဖာလုံ)၊    ကတ္တရာလမ်းသစ်ခင်း ခြင်း  (ခြောက်ဖာလုံ)၊      ကတ္တရာလမ်းချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း (၁၅ မိုင် ၂ ဒသမ ၅ ဖာလုံ)၊ ကျောက်လမ်းခင်းခြင်း (၉ မိုင် ၁  ဖာလုံ)၊    မြေသားတာပေါင်တည်ဆောက်ခြင်း (၁၁ မိုင် ၇ ဖာလုံ)၊ ပေ ၅၀ နှင့်အထက် သံကူကွန်ကရစ် တံတားတည်ဆောက်ခြင်း  နှစ်စင်း၊ ပေ ၅၀ အောက် သံကူကွန်ကရစ်တံတားနှင့်  ရေပြွန်တည်ဆောက် ခြင်း ၂၇ စင်း၊ ကီလိုမီတာတိုင်/ အသိပေး/ သတိပေး ဆိုင်းဘုတ်များ  စိုက်ထူခြင်းနှင့်   သာမန်ပြင်ဆင် ထိန်းသိမ်းခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။

 


အချုပ်အားဖြင့်ဆိုရလျှင် ပဲခူးတိုင်းဒေသကြီး သည် အချက်အချာကျသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည့်အတွက် လမ်းများတိုးတက်ကောင်းမွန်ပြီး ဒေသစီးပွားနှင့် နိုင်ငံ့စီးပွားကို အထောက်အပြုနိုင် စေရန်အတွက် လမ်းဦးစီးဌာနက မျှော်မှန်းဆောင်ရွက် လျက်ရှိသည်။ ထို့အတွက် ဒေသတွင်းလမ်းကွန်ရက် များ  အဆင့်မြှင့်တင်ခြင်း၊   အသစ်ဖောက်ခြင်း လုပ်ငန်းများကို    ဖော်ဆောင်ရင်းဖြင့်        ပြည်သူ့ အတွက်   ဆက်လက်ကြိုးပမ်း   ဆောင်ရွက်နေဦး မည်ဖြစ်ပါကြောင်း    တင်ပြရေးသား လိုက်ရပါသည်။         ။