
ပဲခူး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနက မြို့နယ် အတွင်းရှိ ပြည်သူများအားလုံး အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ဥပဒေအရ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင် နိုင်ရေးအတွက် နိုင်ငံတော်စီမံချက် ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော ပန်းခင်းစီမံချက်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့်လုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူ ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း အောင်ကျော်၊ အဖွဲ့ဝင် ဗိုလ်မှူး ဇင်ဝင်းထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမြတ် နှင့်ဝန်ထမ်းများက ပဲခူးမြို့အတွင်း ရှိ ရန်ကုန်-မန္တလေးလမ်း နာရီစင် ပန်းခြံရှေ့ မဇင်း(၁)လမ်းထိပ် ပန်းခြံရှေ့နှင့် ကျောက်တွင်းကုန်း လမ်းဆုံတို့တွင် စိုက်ထူကြောင်း သိရသည်။
စိုးမိုး (ပြန်/ဆက်)