ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် ငွေကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၉ သိန်းကျော် ဖမ်းဆီးရမိ


 

နေပြည်တော်   ဧပြီ   ၅
ပဲခူးမြို့နယ်    ဘုရားကြီးမြို့တွင်  ငွေကျပ်သိန်း  ၇၄၀၀   ကျော်တန်ဖိုးရှိ   စိတ်ကြွရူးသွပ်ဆေးပြား  ၄ ဒသမ  ၉  သိန်းကျော်  ဖမ်းဆီးရမိခဲ့ကြောင်း   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ   မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော    ပူးပေါင်းအဖွဲ့သည် ဧပြီ ၄ ရက်   ညနေ ၆ နာရီတွင်  ပဲခူးတိုင်းဒေသကြီး   ပဲခူးမြို့နယ်   ပဲခူး - မော်လမြိုင်သွားကားလမ်း  ရွှေသံလွင် စစ်ဆေးရေးစခန်းအနီး၌ ဘုရားကြီး မှ  ဝေါဘက်သို့  မျိုးမြင့် မောင်းနှင်ပြီး  စိုင်းသန်းထွဋ် နှင့်မျိုးဇော်အောင်တို့   လိုက်ပါလာသည့်     Nissan Murano    မော်တော်ယာဉ်ကို  သတင်းအရရှာဖွေရာ  ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်   သိန်း  ၇၄၀၀  ကျော်တန်ဖိုးရှိ   စိတ်ကြွရူးသွပ်ဆေးပြား      ၄၉၃၃၅၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်များအရ  သိမ်းဆည်းရမိ  စိတ်ကြွရူးသွပ်ဆေး ပြားများကို    မန္တလေးတိုင်းဒေသကြီးမှ   ကရင် ပြည်နယ်    မြန်မာ-ထိုင်းနယ်စပ်သို့    သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ကို ဥပဒေအရ       အရေးယူထားရှိပြီး  ကွင်းဆက်ပြစ်မှုကျူးလွန်သူ များကို   ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။ 
သတင်းစဉ်