ပဲခူးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြု

 

ပဲခူး    ဇွန်    ၃၀
ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက  ၂၀၂၂ -၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်သူများအား   ဂုဏ်ပြု ချီးမြှင့်ပွဲကျင်းပသည်။ 
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဩဝါဒ  စကားပြောကြားပြီး   တက္ကသိုလ် ဝင် စာမေးပွဲတွင်  ၅ ဘာသာနှင့် ၄ ဘာသာ   ဂုဏ်ထူးရရှိသူများ အားလည်းကောင်း၊  တိုင်းဒေသ ကြီး   တရားလွှတ်တော်  တရား သူကြီးချုပ်၊     တိုင်းဒေသကြီး ဝန်ကြီးများက  ၄ ဘာသာဂုဏ်ထူး ရရှိသူများအား   လည်းကောင်း၊ တာဝန်ရှိသူများက   ၃ ဘာသာ ဂုဏ်ထူးရရှိသူများအား   လည်း ကောင်း    ဂုဏ်ပြုမှတ်တမ်းနှင့်   ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃   ခုနှစ်   တက္ကသိုလ် ဝင်စာမေးပွဲတွင်  ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၂၃၉၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး  ၈၅၃၁ ဦး အောင်မြင်ခဲ့ရာ     အောင်မြင်မှု     ၆၈ ဒသမ ၈၃  ရာခိုင်နှုန်းရရှိခဲ့ပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိ မှုအနေဖြင့်  ၅ ဘာသာဂုဏ်ထူး ရရှိသူ ၁၉ ဦး၊ ၄ ဘာသာဂုဏ်ထူး ရရှိသူ ၁၁၄ ဦး၊  ၃ ဘာသာဂုဏ်ထူး ရရှိသူ ၃၉၃ ဦး ရရှိခဲ့သဖြင့် ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့က စုစု ပေါင်း     ငွေကျပ်     ၈၆၅၀၀၀၀၀ ဂုဏ်ပြု   ချီးမြှင့်ခဲ့ကြောင်း   သိရ သည်။ တိုင်းဒေသကြီး(ပြန်/ဆက်)