
ပဲခူး အောက်တိုဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင်း အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်းသား ကျောင်းသူများအား အောက်တိုဘာ ၁၇ ရက်မှစ၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ပြီး အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး၍ ဆေးလာထိုးသူ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အချိုရည်နှင့် မုန့်များ ထောက်ပံ့ပေးအပ်သည်။
ပဲခူးမြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း ၂၂၄ ကျောင်းမှ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်းသား ကျောင်းသူ ၁၄၀၄၄ ဦးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ် ၂၁ ခုတွင် အောက်တိုဘာ ၁၇ ရက်မှ ၂၄ ရက်အထိ ထိုးနှံပေးမည်ဖြစ်ကာ ပဲခူးတိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း ၃၀၇၇ ကျောင်းရှိ ကျောင်းသား ကျောင်းသူ ၂၁၃၇၈၅ ဦးအား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)