
ပဲခူး ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်း စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ပဲခူးမြို့ ဗိုလ်ကုန်း (၁၈) ရပ်ကွက်အတွင်း ဉာဏ်တော် ပေ ၁၈၀ ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား သွား ရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး စေတီတော်အား ဆေးသင်္ကန်းကပ်လှူနေမှုနှင့် စေတနာရှင်ပြည်သူ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများမှ စုပေါင်း၍ စေတီတော်အား သန့်ရှင်းရေးပြုလုပ်နေမှု ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် စေတီတော်ဓမ္မာရုံ၌ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ မဟာ နာယက ဆရာတော်ကြီးဖြစ်သည့် အသောက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက် ဆရာ တော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားကာ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
အဆိုပါရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်း စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းဆက်ကပ် နိုင်ရေး၊ စေတီတော်၏ အထက်ပစ္စယံ၌ ကြွေပြားခင်း ရန်၊ ဂေါပကအဖွဲ့ ဖွဲ့စည်းပေးရန်၊ စေတီတော်၏ ဝတ္တကမြေသတ်မှတ်နိုင်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံ နိုင်ရေး တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့ ဘုရားဈေးအတွင်း ပျံကျဈေးရုံ အမှတ်(၁)နှင့်အမှတ်(၂) တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်စိမ်းဈေးတန်းနှင့် သားငါး ဈေးတန်းအား သီးခြားခွဲ၍ စနစ်တကျ နေရာချထား ပေးရန်၊ ဈေးရုံအတွင်း ရေစီးရေလာကောင်းမွန်စေ ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့ နာရီစင်ပန်းခြံအား တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြန်လည်အဆင့်မြှင့်တင် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လှပပြီးခေတ်မီသည့် Landscaping Design များဖြင့် ဖော်ဆောင်ရန်၊ ဟင်္သာရုပ်တုအား သတ်မှတ်ချက်အတိုင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်၊ နာရီစဉ်အား ပြန်လည် ပြုပြင်မွမ်းမံရန်၊ ပန်းခြံအတွင်း အလှပန်းပင်များအား စနစ်တကျ သယ်ယူပြောင်းရွှေ့ရန်နှင့် မီးအလှဆင် ခြင်းများလည်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)